ရခိုင်ဂေဇက်၊ ဒီဇင်ဘာ၃၀
စစ်တွေ မှ ရန်ကုန်သို့ ယာဉ်မောင်း ဦးသိန်းထွန်း မောင်းနှင်းလာသော ယာဉ်အမှတ် 4M-4986 တိုးရတနာ ခရီးသယ်တင်အမြန်ယာဉ်သည် နေ့လည် (၁)နာရီအချိန်တွင် မိုင်တိုင် (၃၃) မိုင် (၃) ဖာလုံ စညှင်းနဲ့ လေသွန်ကျေးရွာကြား အနီးတွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားမှု ဖြစ်ပွား ခဲ့ကြောင်း ကင်းထောင်ကြီးရဲစခန်းမှ သိရသည်။
"လူအသေပျောက်မှုတော့ မရှိပါ ပြင်းထန်ဒဏ်ရာရှိသူ ဘုန်းကြီး(၂)ပါး၊ အမျိုးသား (၁၀)ယောက်၊ အမျိုးသမီး(၆)ယောက်ကို အရေးပေါ် အမ်းပြည်သူ ဆေးရုံသို့ပို့ဆောင်ထားပါတယ်၊"ဟု ကမ်းထောင်းကြီး ရဲစခန်းတာဝန်ရှိသူတစ်ဦးမှ ပြောသည်။
အဆိုပါဖြစ်စဉ်တွင် ယာဉ်မဆင်မခြင် မောင်းနှင်မှုဖြင့် ယာဉ်မောင်း ဦးသိန်းထွန်းအား အမှုဖွင့်အရေးယူထားကြောင်း ကမ်းထောင်ကြီး ရဲစခန်းတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ဖိုးခွားလေး
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/
တိုးရတနာခရီးသည် တင် အမြန်ယာဉ် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
12:57
Rating: