မြစ်ကြီးနား-ရွှေဘိုပြည်ထောင်စုကားလမ်းမပေါ်ရှိ လွယ်ခေါ(၁၉)မိုင်ကျေးရွာတွင် လူမှုကူညီရေး မော်တော်ယာဉ်တစ်စီး တိမ်းမှောက်မှု |
ကချင်ပြည်နယ် မြစ်ကြီးနား-ရွှေဘိုပြည်ထောင်စု ကားလမ်းမပေါ်ရှိ လွယ်ခေါကျေးရွာတွင် ဒီဇင်ဘာ ၉ ရက် မွန်းလွဲ ၂နာရီခွဲက လူမှုကူညီရေးမော်တော်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ခဲ့၍ ယာဉ်မောင်းနှင်အတူ ယာဉ်ပေါ်စီးနင်း လိုက်ပါလာသူနှစ်ဦး ဒါဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကာမိုင်းမြို့နယ်ခွဲ မကောက်တောင်ကျေးရွာနေ ယာဉ်မောင်းထွန်းအောင် မောင်းနှင်ပြီး ဂမ်ယော်နှင့်ဇော်အောင် စီးနင်းလိုက်ပါလာသော လဝါးကျေးရွာလူမှုကူညီရေးမော်တော်ယာဉ်သည် မြစ်ကြီးနား-ရွှေဘိုကားလမ်းမပေါ်ရှိ မြစ်ကြီးနား-မိုးကောင်းကြား လွယ်ခေါ(၁၉)မိုင်ကျေးရွာ ရပ်ကွက်(၅)နေရာအရောက်တွင် တိမ်းမှောက်ခဲ့ကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းထွန်းအောင် ဒါဏ်ရာရရှိ(စိုးရိမ်ရ)၊ မောင်ဂမ်ယော်(ဘ) ဦးဂမ်ဇော်(စိုးရိမ်ရ)၊ မောင်ဇော်အောင်(၂၅)နှစ်(ဘ)ဦးလဖိုင်နော်(မစိုးရိမ်ရ)တို့သုံးဦးအား နမ္မတီးမြို့၊ လမ်းခွကျေးရွာ လူမှုကူညီရေးမော်တော်ယာဉ်ဖြင့် မြစ်ကြီးနားဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဝင်းနိုင် - ကချင်မြေ
မိုးကောင်းသတင်းမီဒီယာ
https://www.facebook.com/mogaungnews.media/
လူမှုကူညီရေး မော်တော်ယာဉ်တစ်စီး တိမ်းမှောက်
Reviewed by THITHTOOLWIN
on
22:45
Rating: