ချမ်းမြသာစည်မြို့နယ်တွင် နေအိမ်(၃)လုံးမီးလောင်မှုဖြစ်ပွား


မန္တလေး ဒီဇင်ဘာ ၂

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ ၆၈×၆၉ လမ်းကြား၊ ခိုင်ရွှေဝါလမ်းနှင့်မဇလပ်ဝါလမ်းကြားရှိ မြို့သစ်(၂) ရပ်ကွက် အကွက်အမှတ်(ဆ-၅) တွင် ဒီဇင်ဘာ ၂ ရက် နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့် က ဒေါ်ဟန်ဌေး(အိမ်ရှင်)၏ အိမ်ငှားဖြစ်သူ ဒေါ်ချောစုခင်(၂၈)နှစ်နေသည့် အိပ်ခန်းအတွင်း သွယ်တန်းထားသော မီးကြိုးပလပ်ခုံ အပူလွန်ကဲရာမှ နေအိမ်(၃)လုံးနှင့် မော်တော်ဆိုင်ကယ်(၁)စီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ မီးလောင်ရာသို့ အုပ်ချုပ်မှုယာဉ်(၂)စီး၊ မီးငြိမ်းသတ်ယာဉ် (၃၅)စီး၊ ရေသယ်ယာဉ်(၁၅)စီး၊ သန္ဓေမီးသတ်(၇၀)ဦး၊ အရန်မီးသတ် (၁၂၀)ဦးနှင့် ရပ်ကွက် နေပြည်သူများ ၀ိုင်းဝန်းငြိမ်းသတ်ရာ နံနက် ၁၁ နာရီ ၄၀ မိနစ်ခန့် တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်မှုကြောင့် ပေ(၂၀×၆၀)နံကပ် တိုက်တစ်ထပ်(၁)လုံး၊ ပေ(၄၀×၆၀)သွပ်မိုးထရံကာ နှစ်ထပ်(၁)လုံး၊ ပေ(၂၀×၆၀) သွပ်မိုးထရံကာတစ်ထပ်(၁)လုံး၊ စုစုပေါင်းနေအိမ်(၃)လုံး နှင့်ဆိုင်ကယ်(၁) စီး မီးလောင်ကျွမ်းခဲ့ပြီး အိမ်ငှား ဖြစ်သူ ဒေါ်ချောစုခင်အား ချမ်းမြသာစည်မြို့နယ် အမှတ်(၁၁) ရဲစခန်းမှ ပ ၅၆၉/၂၀၁၇ ၊ ပုဒ်မ ၂၈၅ အရ အရေးယူဆောင်ရွက်ရွက်လျက်ရှိပြီး မီးဘေးသင့်အိမ်ထောင်စုများအား ၆၈×၆၉လမ်းကြားရှိ အောင်သစ္စာဓမ္မာရုံ၌ ယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားကြောင်းသိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ချမ်းမြသာစည်မြို့နယ်တွင် နေအိမ်(၃)လုံးမီးလောင်မှုဖြစ်ပွား ချမ်းမြသာစည်မြို့နယ်တွင် နေအိမ်(၃)လုံးမီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 17:42 Rating: 5
Powered by Blogger.