တရုတ်ပြည် ဘေဂျင်းကို ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ် သမ္မတ ရှီကျင်းပင်နဲ့ တွေ့ဆုံပြီးတဲ့ နောက် နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ်ဘို့ သဘောတူခဲ့ကြသလို နှစ်နိုင်ငံ ကူးသန်းရောင်းဝယ်မှုအတွက် စီးပွားရေးစင်္ကြန် တည်ဆောက်ဘို့လည်း သဘောတူခဲ့ကြပါတယ်။
အခုတကြိမ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ တရုတ်ပြည်ခရီးစဉ်ဟာ နိုင်ငံတော်အတိုင်ပင်ခံဖြစ်ပြီးနောက် တနှစ်ခွဲကာလအတွင်း သုံးကြိမ်မြောက်ခရီးစဉ်ဖြစ်ပါတယ်။ ဒီခရီးစဉ်မှာ သမ္မတရှီိကျင်းပင်နဲ့ တွေ့ဆုံပြီး မြန်မာ စီးပွားရေးနဲ့ အခြေခံအဆောက်အအုံတိုးတက်ရေးတွေ အတွက် ဆွေးနွေးခဲ့ကြပါတယ်။
ဆင်ဝှာ သတင်းဌာနက ဖေါ်ပြချက်အရ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေး နဲ့ လုံခြုံရေးရာ ကိစ္စတွေမှာ သိတ်အာရုံထားလွန်းတယ်လို့ စွတ်စွဲခံနေရပါတယ်။ ဒီအတွက် နိုင်ငံတွင်း ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးပြုလုပ်နေချိန် ဒုတိယအကြိမ် စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေအတွက် နှောင့်နှေး ခဲ့ရသလို တိုင်းပြည်ရဲ့ အခြေခံအဆောက်အအုံ တိုးတက်ရေးလည်း ကြန့်ကြာခဲ့ရတယ်လို့ဆို ပါတယ်။ ဒီအခြေအနေတွေကို ခေါင်းဆောင်နှစ်ဦး တွေ့ဆုံချိန်မှာ အမြင်ခြင်းဖလှယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဆွေးနွေးပွဲမှာ နှစ်နိုင်ငံ ကူးသန်းရောင်းဝယ်မှုအတွက် စီးပွားရေးစင်္ကြန် တည်ဆောက်ဘို့ သဘောတူ ခဲ့ကြပါတယ်။ ဒီအတွက် တရုတ်နိုင်ငံရဲ့ ခေတ်သစ်ပိုးလမ်းမ ချဲ့ထွင်ရေးစီမံကိန်း ဖြစ်တဲ့ အာရှနဲ့ ဥရောပ ဆက်သွယ်မဲ့ One belt One Road ခေတ်သစ်ပိုးလမ်းမ စီမံကိန်းမှာ အရေးပါတဲ့ ကျောက်ဖြူမြို့ မှာ တရုတ်ပြည်က ပင်လယ်နက်ဆိပ်ကမ်းအပြင် စက်မှုဇုံတွေတည်ဆောက်မှာကို မြန်မာဘက်က ကြိုဆိုခဲ့တယ်လို့ ဆင်ဝှာ သတင်းကဆိုပါတယ်။
အလားတူဘဲ ကျောက်ဖြု ကူမင်း ရေနံနဲ့ ဓါတ်ငွေ ပိုက်လိုင်း တလျောက်နဲ့ မန္တလေး၊ မူဆယ်စတာတွေနဲ့လမ်းဖေါက်ဘို့ကိစ္စကိုလည်း ဆွေးနွေးခဲ့ကြလိမ့်မယ်လို့ ကျွမ်းကျင် သူတွေက မျှော်လင့်ခဲ့ကြတယ်လို့ ရေးပါတယ်။
ဆွေးနွေးပွဲမှာ နှစ်နိုင်ငံကြား ပြည်ပြည်ဆိုင်ရာ မျက်နှာစာမှာ ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး အကောင်အထည်ဖေါ်မဲ့ စီမံကိန်းကြီးများနဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တရုတ်နိုင်ငံ အနေနနဲ့ဆက်ပြီး အကူအညီပေးမဲ့ကိစ္စတွေကို လည်း ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်ကွန်မြူနစ်ပါတီ နှင့် ပြည်ပနိုင်ငံတွေရဲ့ အဆင့်မြင့် နိုင်ငံရေး ပါတီခေါင်ဆောင်တွေ ရဲ့ မျက်နှာစုံညီအစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်ကို အထူး ဧည့်သည်တော်အနေနဲ့ မိန့်ခွန်းတက်ရောက်ပြောကြားခွင့်ပေးခဲ့တာလည်းဖြစ်ပါတယ်။
ဒီအခြေအနေများဟာ မကြာခင်ကာလအတွင်း အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာဒုက္ခသည်တွေ အရေးနဲ့ပတ်သက်ပြီး ပြင်းပြင်း ထန်ထန်ဝေဖန်ပစ်တင်ခဲ့ချိန်မှာ တရုတ်နဲ့ ရုရှားတို့က အကာအကွယ်ပေးခဲ့ပြီးတဲ့နောက်ပိုင်း တရုတ်မြန်မာဆက်ဆံရေးပိုပြီးနွေးနွေးထွေးထွေးဖြစ်လာတဲ့အခြေအနေတွေဖြစ်တယ်လို့ သုံးသပ်သူတွေက ရူ့မြင်ကြပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
မြန်မာ နဲ့ တရုတ် စီးပွားရေးစင်္ကြ ဆောက်မယ်
Reviewed by THITHTOOLWIN
on
08:46
Rating: