အမြန်လမ်းမကြီးတွင် စက်ချို့ယွင်း၍တွန်းနေသော မော်တော်ယာဉ်အား ဝင်ရောက်တိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး
နွားထိုးကြီး - ဒီဇင်ဘာ ၁၇
၂၀၁၇ ဒီဇင်ဘာ ၁၇ ရက် နံနက် ၆ နာရီ ၁၀ မိနစ်အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ် ပြင်စည်အမြန်လမ်းမကြီး ရဲစခန်းအပိုင် မိုင်တိုင်အမှတ် ၃၂၂/၄ နှင့် ၃၂၂/၅ အကြားတွင် စက်ချို့ယွင်း၍ တွန်းနေသောမော်တော်ယာဉ်အား နောက်မှ မော်တော်ယာဉ်ဖြင့် ဝင်ရောက် တိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
သတင်းအရ ပြင်စည်အမြန်လမ်းမကြီး ရဲစခန်းမှူး ရဲအုပ်သန့်ဇင်ဦး ဦးဆောင်သော တပ်ဖွဲ့ဝင်များ အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ မီးသတ် လက်ထောက်ဦးစီမှူး ရန်နိုင်ဖြိုးပါဝင်သောမီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ နေပြည်တော်မှ မန္တလေးသို့ မောင်းနှင်လာသော တောင်ဒဂုံမြို့ (၂၄)ရပ်ကွက် သိဂီ င်္ လမ်းနေ ယာဉ်မောင်း တင်ထွန်းနောင် မောင်းနှင်လာသော ယာဉ်အမှတ် 4H/------ FIELDER အမျိုးအစား အနောက်ရောင် မော်တော်ယာဉ်မှ အရှိန် မထိမ်းနိုင်ဘဲ ၀င်ရောက်တိုက်မိခြင်း ဖြစ်ကြောင်း သိရသည်။
အတိုက်ခံရတဲ့ မော်တော်ယာဉ်မှာ ကွန်ကရစ်လမ်းစပ်၌ စက်ချို့ယွင်း၍ တွန်းနေသော ကျောက်ဆည်မြို့ မြို့ဦးရပ်ကွက် အမှတ်(၆၃၇)နေ ယာဉ်မောင်းဦးဖြိုးချမ်းမြေ့ကျော်မောင်းနှင်သည့် LIGHT TRUCK အမျိုးအစား အဖြူရောင်မော်တော်ယာဉ် ယာဉ်အမှတ် 8F/------ ဖြစ်ကြောင်း သိရသည်။
အဆိုပါ LIGHT TRUCK မော်တော် ယာဉ်၏ ယာဉ်နောက်ပိုင်းအား ဝင်ရောက်တိုက်ခိုက်မိပြီး FIELDER ယာဉ်မှာ လမ်းမပေါ်ရပ်တန့်၍ LIGHT TRUCK ယာဉ်မှာ လမ်းဘေး မြေသား လမ်းပေါ်ရောက်ရှိ တိမ်းမှောက်ခဲ့ပါသည်။
ယာဉ်တိုက်ခိုက် မှုကြောင့် LIGHT TRUCK ယာဉ်ပါ ယာဉ်မောင်းပါ ကျားသုံးဦး မတစ်ဦးအနက် ယာဉ်အားနောက်မှ တွန်းနေသော ကျောက်ဆည်မြို့ မြို့ဦးရပ်ကွက်နေ ဒေါ်မီမီခိုင်မှာ ဝဲ/ယာ ခြေထောက်ကျိုးဒဏ်ရာ ကျောရိုးကျိုးဒဏ်ရာ ဝမ်းဗိုက်ပေါက်ဒဏ်ရာ လည်ပင်းပြတ်ရှဒဏ်ရာများဖြင့် အခင်ဖြစ်နေရာတွင် သေဆုံးခဲ့ပါသည်။
ယာဉ်မောင်းနှစ်ဦးလုံးနှင့် ကျန်လူများတွင် ဒဏ်ရာအသီးသီး ရရှိကာ အတွင်လူနာအဖြစ် ဆေးကုသမှု ခံယူနေပြီး မစိုးရိမ်ရကြောင်း သေဆုံးသူနှင့် ဒဏ်ရာရသူများအား တပ်ဖွဲ့ပိုင်ယာဉ်ဖြင့် နွားထိုးကြီးဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း မှုခင်းမှတ်တမ်းအရ သိရှိရသည်။
မော်တော်ယာဉ်အား မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်းတင်ထွန်းနောင် အား ပြင်စည်အမြန်လမ်းမကြီး ရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက် လျက် ရှိကြောင်း စုံစမ်းသိရှိရသည်။
သတင်း - ဓါတ်ပုံ - ဘိုဘို(မလှိုင်) Myanmaalinn (facebook)
အမြန်လမ်းမကြီးတွင် စက်ချို့ယွင်း၍တွန်းနေသော မော်တော်ယာဉ်အား ဝင်ရောက်တိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး
Reviewed by THITHTOOLWIN
on
16:21
Rating:
