ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ မော်ဟန်ကျေးရွာ နှစ်ခြင်းသင်္ချိုင်းအနီး၌ ဒီဇင်ဘာလ ၁၆ ရက်နေ့ ညနေ ၃ နာရီခန့် တွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်း တွေ့ရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။
အလောင်းအနီးတွင် Luger ကျည်ခွံ ၂ ခုတို့အား တွေ့ရှိ၍ ကွတ်ခိုင်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ပါကြောင်း၊ ၁၈၃၅ အချိန်တွင် တရားခံ (စိစစ်ဆဲ)အား ကွတ်ခိုင်မြို့မရဲစခန်း(ပ)၁၀၁/၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရပါသည်။
သစ်ထူးလွင်
ကွတ်ခိုင်မြို့နယ်၌ လူသတ်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
16:57
Rating:
