နေပြည်တော်မှာ ဒီဇင်ဘာလ ၉ ရက်နေ့က ကျင်းပတဲ့ ဒုတိယအကြိမ်မြောက် လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေရဲ့ ထိပ်သီးညီလာခံ မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ်/ Photo:Myanmar State Counsellor Office |
နေပြည်တော်က မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းစင်တာ ၂ မှာ ဒီနေ့ ကျင်းပတဲ့ ဒုတိယအကြိမ်မြောက် လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေရဲ့ ထိပ်သီးညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာဖြစ်ပါတယ်။
"ဒီဟာနဲ့ပတ်သက်ပြီးတော့ ပြီးခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးကာလမှာ အာဆီယံစွန့်ဦးတီထွင် လုပ်ငန်းရှင်များအား လမ်းညွှန်ပေးတဲ့ကွန်ယက်ကို ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်၊ ဒါကြောင့် မြန်မာနိုင်ငံအား စွန့်ဦးတီထွင် လူငယ်လုပ်ငန်းရှင်များအနေနဲ့ အာဆီယံဒေသအတွင်းအဆင့်မှာ အောင်မြင်နေတဲ့ လုပ်ငန်းရှင်တွေဆီက အကြံဥာဏ်တွေ၊ အထောက်အပံ့တွေ ရနိုင်တဲ့လမ်းညွှန်ပေးမယ့် သူတွေရဲ့ကွန်ယက် တည်ဆောင်နိုင်မှာဖြစ်ပါတယ်၊ မြန်မာနိုင်ငံအတွင်းမှာလည်း အောင်မြင်ပြီးသား လုပ်ငန်းရှင်ကြီးတွေအနေနဲ့ အခုမှလုပ်ငန်းစတင်နေတဲ့ လူငယ်လုပ်ငန်းရှင်တွေကို အားပေးကူညီနိုင်ဖို့ လမ်းညွှန်ပေးသူများ၏ ကွန်ယက်တစ်ခု တည်ထောင်သင့်ပါတယ်လို့ ကျမ ပြောကြားလိုပါတယ်"
ဒါ့အပြင် စီးပွားရေးလုပ်ငန်းသစ်တွေ စတင်တဲ့အခါ ပျိုးထောင်ပေးတဲ့ ဗဟိုဌာနတွေ ပေါ်ပေါက်လာအောင် ဆောင်ရွက်ဖို့လိုအပ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
လုပ်ငန်းရှင်တွေကလည်း ဒေသဆိုင်ရာအစီအစဉ်တွေကနေ ရလာတဲ့အတွေ့အကြုံတွေကို လူငယ်လုပ်ငန်း ရှင်တွေကို မျှဝေပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
လုပ်ငန်းစတင်တဲ့ လူငယ်တွေအတွက် ရင်းနှီးငွေနဲ့ ချေးငွေတွေ ခက်ခဲတယ်ဆိုတာ သိရှိကြောင်းနဲ့ ချေးငွေအတွက် တခြားနည်းလမ်းတွေ ရှာဖွေကြံဆရမယ်လို့လည်း ပြောခဲ့ပါတယ်။ အားသာချက်တွေရှိသလို စိန်ခေါ်မှုတွေ ရှိကြောင်းနဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
RFA Burmese
http://www.rfa.org/burmese
လူငယ်လုပ်ငန်းရှင်အသစ်တွေကို ကူညီနိုင်ဖို့ ကွန်ရက်ဖွဲ့စည်းသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည် အကြံပြု
Reviewed by THITHTOOLWIN
on
20:52
Rating: