အမွှာကလေးနှစ်ယောက်ကို ဆရာဝန်တွေက သေပြီလို့ ကြေညာခဲ့ပါတယ် |
ဒါပေမယ့် ကလေးအသက်ရှင်လျက်ရှိနေတာကို မိဘတွေက သုသာန်အသွားလမ်းမှာ သတိပြုမိခဲ့ပါတယ်။
ဒီအဖြစ်အပျက်ကြောင့် ဆေးရုံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ကုသမှု စံနှုန်းတွေကို မေးခွန်းထုတ် အငြင်းပွားစရာ ဖြစ်ခဲ့ပါတယ်။
ပုဂ္ဂလိကပိုင် ဆေးရုံက Max ဆေးရုံက ဒီဖြစ်ရပ်ကို တင်းတင်းကျပ်ကျပ် စုံစမ်းအရေးယူမှုတွေ ပြုလုပ် သွားမယ်လို့ ပြောပါတယ်။
အိန္ဒိယ အစိုးရဘက်ကလည်း ဒီကိစ္စကို စုံစမ်းစစ်ဆေးနေပါတယ်။
ဆရာဝန်တွေ သေ ပြီ လို့ ယူ ဆ က ထည့် ထား တဲ့ ပလပ်စတစ် အိတ် ထည့် မှ ကလေး တစ်ဦး ညည်းညူး သံ ကို မိ ဘတွေ ကြားပြီး နောက် ပိုင်း ဒီ အ ဖြစ်အပျက် စတင် ခဲ့ တာ ပါ။
ကလေးအသံကို ကြားပြီးနောက် မင်သက်နေတဲ့ မိဘတွေဟာ ကလေးငယ်ကို အဆိုပါဆေးရုံကိုပဲ ပြန်ခေါ်သွားခဲ့တယ်လို့ အမွှာကလေးတွေရဲ့ အဘိုးဖြစ်သူက သတင်းမီဒီယာတွေကို ပြန်ပြောပြခဲ့ပါတယ်။
BBC Burmese
http://www.bbc.com/burmese
အသက်ရှင်တဲ့ကလေးကို သေပြီလို့ မှားယွင်း
Reviewed by THITHTOOLWIN
on
17:42
Rating: