မြစ်ကြီးနား - ဒီဇင်ဘာ(၁၅)
ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာ ဗလမင်းထင်ပူးပေါင်းစစ်ရေးဂိတ်၌ ဒီဇင်ဘာ(၁၄)ရက် ညနေ(၃)နာရီ (၄၅) မိနစ်ခန့်တွင် ဧရာဦးစစ်ဆင်ရေး စီမံချက်ဖြင့် ဘိန်းဖြူ (၁၂၁၀)ဂရမ်အတွက် တန်ဖိုးငွေကျပ် (၆၀၅၀၀၀၀၀) နှင့် စိတ်ကြွရှုးသွပ်ဆေးပြား (၅၃၄၆၀)ပြားလျှင် တန်ဖိုးငွေကျပ် (၁၆၀၃၈၀၀၀၀) ဖြင့် စုစုပေါင်း ငွေကျပ်သိန်း (၂၀၀၀)ကျော်တန်ဖိုး ဖမ်းဆီးရမိကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ မြစ်ကြီးနားမူးယစ်တပ်ဖွဲ့စု(၂)မှ ရဲအုပ်စိုင်းစံဖေ ဦးဆောင် သည့် တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအ ဖွဲ့သည် ဧရာဦးစစ်ဆင်ရေးစီမံချက်အရ ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာ ဗလမင်းထင်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ သတင်းအရသက်သေများနှင့်အတူရှာဖွေမှုပြုလုပ်နေစဉ်ဝိုင်းမော်မှမြစ်ကြီးနား သို့ မောင်းနှင်လာသော ယာဉ်မောင်း လနောင်(ခ) နောင်းချိန်းနှင့် အတူစီးနင်းလိုက်ပါလာသူ ဂမ်အောင်(ခ) လဖိုင်ဂမ် Toyota ALPHARD အမျိုးအစား၊ အဖြူရောင် YGN-1J/ ------ ယာဉ်အား ရပ်တန့်စစ်ဆေးရာ ထိုင်ခုံဝဲ။ယာဘက် ဘေးကြမ်းခင်းများ အတွင်းနှင့် အလယ်ထိုင်ခုံ ရှေ့ကြမ်းခင်းအံဝှက်နှင့် ဆီတိုင်ကီအတွင်းရှိ အံဝှက်များအတွင်းမှ ရောင်စုံဆပ်ပြာခွက် များဖြင့်ထည့်ထားသော ဘိန်းဖြူ(၁၂၁၀)ဂရမ်နှင့် စိတ်ကြွရူးသွပ်ဆေးပြားပေါင်း (၅၃၄၆၀)ပြား တန်ဖိုးငွေကျပ် (၁၆၀၃၈၀၀၀၀) တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဖြစ်စဉ်တွင် မူးယစ်ဆေးဝါးများနှင့်အတူတွေ့ရှိသူ လနောင် (ခ)နောင်းချိန်းနှင့် ဂမ်အောင်(ခ)လဖိုင် ဂမ်တို့အား ဝိုင်းမော်မြို့မရဲစခန်းမှ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲသော ပုဒ်မအရ အမှုဖွင့်အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။
ပြည်နယ် ပြန်/ဆက်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ကျပ်သိန်း(၂၀၀၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
Reviewed by THITHTOOLWIN
on
18:59
Rating:
