![]() |
ဟယ်ရီ နဲ့ မက်ဂန် |
အရင်လကပဲ သူတို့ စေ့စပ်ပြီးကြောင်း ကြေညာခဲ့ကြပါတယ်။
မင်္ဂလာပွဲကိုတော့ ဝင်ဆာ ရဲတိုက် ကြီးက စိန့်ဂျော့ ဘုရားကျောင်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။
ဂီတ၊ ပန်းဖိုးနဲ့ ဧည့်ခံစရိတ် စတဲ့ မင်္ဂလာ လက်ထပ်ပွဲ စရိတ်စက အဝဝကို ဗြိတိသျှ ဘုရင့် မိသားစု တွေက ကျခံ မှာ ဖြစ်ပါတယ်။
![]() |
ဝင်ဆာ ရဲတိုက် ကြီးထဲက စိန့်ဂျော့ ဘုရားကျောင်း |
သူတို့ မင်္ဂလာရက် ဟာ အက်ဖ်အေ ကပ် ဘောလုံး ဖလား ဗိုလ်လုပွဲ ရက် ဖြစ်ပါတယ်။
အဲဒီပွဲကို အင်္ဂလန် ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ အနေနဲ့ ဝီလျံ မင်းသား ပုံမှန် တက်လေ့ ရှိပါတယ်။
သူတို့ စုံတွဲ အဲလစ်ဇဘက် ဘုရင်မကြီးနဲ့ ဆန်ဒရင်ဟမ် အိမ်တော်မှာ ခရစ္စမတ် အတူနေကြဖို့လည်း ရှိပါတယ်။
![]() |
ဟယ်ရီနဲ့ မက်ဂန် လူထု ပရိသတ်နဲ့ တွေ့ဆုံ |
ဟယ်ရီနဲ့ မက်ဂန်တို့ တရားဝင် စေ့စပ်ကြောင်းလမ်းတာကို နော်တင်ဟမ်မှာ ဒီဇင်ဘာလ ၁ ရက်က ကျင်းပခဲ့ပါတယ်။
BBC Burmese
http://www.bbc.com/burmese
ဟယ်ရီနဲ့ မက်ဂန်တို့ မင်္ဂလာရက်သတ်ပြီ
Reviewed by THITHTOOLWIN
on
22:12
Rating:
