ရုရှားနိုင်ငံ မော်စကိုမြို့ ၌ ဒီဇင်ဘာ ၂ ရက်က မီးလောင်မှုဖြစ်ပွားနေသော လူနေအိမ်ကို မီးသတ်သမားများ ဝိုင်းဝန်းမီးငြှိမ်းသတ်နေစဉ်(ဆင်ဟွာ) |
ရုရှားနိုင်ငံ မော်စကိုမြို့ အနောက်တောင်ပိုင်း Kaluga ဒေသတွင် ဒီဇင်ဘာ ၂ ရက်က လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားရာ ကလေးငယ် ၂ ဦးအပါအဝင် လူပေါင်း ၇ ဦးသေဆုံးသွားကြောင်း ဒေသဆိုင်ရာ ကယ်ဆယ်ရေးသမားများ၏ ပြောကြားချက်ကို ကိုးကား၍ TASS သတင်းအေဂျင်စီက သတင်းဖော်ပြခဲ့သည်။
မီးလောင်မှုသည် ဒေသစံတော်ချိန် နံနက် ၄ နာရီ ၅ဝမိနစ်တွင် စတင်ဖြစ်ပွားခဲ့ပြီး လောင်ကျွမ်းချိန် ၄၅ မိနစ်ထိ ကြာမြင့်ခဲ့ကြောင်း သိရသည်။ ၄င်းမီးလောင်မှုကြောင့် အမျိုးသမီးတစ်ဦး ၊ အမျိုးသား ၄ ဦး နှင့် အမျိုးသမီးငယ် ၂ ဦး သေဆုံးခဲ့ရသည်။ မီးသတ်သမားပေါင်း ၂ဝ ဦး နှင့် မီးသတ်ကား ၅ စီးဖြင့် မီးလောင်မှုကို ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။မီးလောင်ကျွမ်းရခြင်းနှင့်ပတ်သက်၍ သိရှိနိုင်ရန် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
(Xinhua)
http://xinhuamyanmar.com
ရုရှားနိုင်ငံ မော်စကိုမြို့ ၌ လူနေအိမ် မီးလောင်မှုဖြစ်ပွားရာ ၇ ဦးသေဆုံး
Reviewed by THITHTOOLWIN
on
19:53
Rating: