တောင်ကုတ်- မအီ ကားလမ်းတွင် စစ်ကားတစ်စီးတိမ်းမှောက်၍ တစ်ဦးသေ၊ လေးဦးဒဏ်ရာရ

(ဓာတ်ပုံ- မင်းယု)
စစ်တွေ၊ ဒီဇင်ဘာ ၂၄

ရခိုင်ပြည်နယ် တောင်ကုတ်-မအီ ကားလမ်းပိုင်း မိုင်တိုင်အမှတ် ၂၇ မိုင်၂ ဖာလုံနှင့် ၂၇ မိုင် ၃ ဖာလုံကြားတွင် စစ်ကားတစ်စီး တိမ်းမှောက်၍ တစ်ဦးသေဆုံးပြီး ၄ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားသည် ဟု တောင်ကုတ် မြို့နယ် အုပ်ချုပ်ရေးမှူး ဦး လှမိုးဦးက ပြောသည်။

အဆိုပါ စစ်ကားမှာ အမ်းဘက်မှ သင်တန်းဆင်းဒု ဗိုလ် ၁၀ ဦးကိုတင်ဆောင်လာသည့် အမှတ် ၉၂၉ ထောက်ပံ့ရေးနှင့် သယ်ယူပို့ဆောင်ရေးတပ်မှ တပ်ကြပ် ၀င်းသိန်း မောင်းနှင်လာသော ကားဖြစ်သည် ဟု သိရသည်။

“ ကားမှောက် တာက အရှိန် မထိန်း နိုင်ဘဲ မှောက်တာလို့တော့ သိရတယ်” ဟု တောင်ကုတ် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမိုးဦး ကပြောသည်။

ကားပေါ်တွင် ဒုဗိုလ် ၁၀ဦး၊ ကားမောင်းနှင်သည့် တပ်ကြပ်နှင့် နောက်တစ်ယောက်ပါရှိပြီး ကားပေါ်တွင် စုစုပေါင်း ၁၂ ယောက်ပါရှိသည် ဟု သိရသည်။

သေဆုံးသူနှင် ဒဏ်ရာပြင်းထန်သည့်  ဒုဗိုလ် ၄ ဦးအား အမ်းမြို့ရှိ ဆေးရုံ ကို သယ်ဆောင်သွားပြီး ကျန် ၇ ဦးမှ တောင်ကုတ်ဆေးရုံတွင် ဆေးကုနေသည် ဟု သိရသည်။

အဆိုပါ ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၂၃ ရက် နေ့လယ် ၂ နာရီခန့် တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မဘုကေ
Narinjara
https://www.facebook.com/Narinjara
တောင်ကုတ်- မအီ ကားလမ်းတွင် စစ်ကားတစ်စီးတိမ်းမှောက်၍ တစ်ဦးသေ၊ လေးဦးဒဏ်ရာရ တောင်ကုတ်- မအီ ကားလမ်းတွင် စစ်ကားတစ်စီးတိမ်းမှောက်၍ တစ်ဦးသေ၊ လေးဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 21:02 Rating: 5
Powered by Blogger.