တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ နယ် ပုလုံးတုံတုံးကျေးရွာ အောင်မေတ္တာ (၂)လမ်းနေ မသန်းသန်းနွယ်(ခ) မိကမ်း (၃၇) နှစ် (ဘ)ဦးသာဂန်း ကျဘမ်းလုပ် ကိုင်သူသည် ၎င်း၏မြေးဖြစ်သူ မဆောင်းဇာဝင်း (၄)နှစ် (လင်ပါမြေး)အား ဒီဇင်ဘာ ၁၂ ရက်နေ့ ည ၉ နာရီအချိန်ခန့်  နေအိမ်တွင် လက်ဖြင့်ရိုက်ခြင်း၊ ခြေထောက်ဖြင့်ကန်ခြင်း၊ တံမြက်စည်းရိုးဖြင့် ရိုက်နက်ခြင်း၊ နေအိမ်ပေါ်မှပြစ်ချခြင်းများ ဆောင်ရွက်ခဲ့ခြင်းကြောင့် ရရှိသည့် ဒဏ်ရာများကို ဆေးကုသနေစဉ် ဒီဇင်ဘာလ ၁၄ ရက်နေ့ ည ၁၁ နာရီ ၁၅ မိနစ်တွင် ကော့သောင်ဆေးရုံ၌ ကွယ်လွန်သွားကြောင်း သိရပါသည်။
ဒီဇင်ဘာလ ၁၄ ရက်နေ့က ကလေး၏အခြေအနေမှာ စိုးရိမ်ရဖွယ်ရှိကြောင်း သတင်းများကြားသိရသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးမှ ကော့သောင်းဆေးရုံသို့ တင်ပို့ကုသနိုင်ရေး ဆောင်ရွက်ထားရှိခဲ့ပြီး ကလေးငယ်အား ဒဏ်ရာများရရှိ အောင်ရိုက်နှက်ခဲ့သူ မသန်းသန်းနွယ် အား ဥပဒေအရ အရေးယူပေးနိုင်ရန် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇင်ကိုဦး မှ တရားလိုပြု လုပ်တိုင်တန်းခဲ့ပါသည်။
တိုင်းတန်းချက်အရ ကော့သောင်းရဲစခန်း (ပ)၂၁၆၇/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၂၅ အရအမှုဖွင့် အရေးယူဆောင်ရွက်ထားရှိခဲ့ပြီး အမှုအား စစ်ဆေးဆောင်ရွက်နေစဉ်အတွင်း ဆေးဝါးကုသမှုခံယူနေသူ မဆောင်ဇာဝင်း မှာ ဦးခေါင်းနဖူး၊ ယာဘက်မျက်ကွင်းနှင့်ပါး၊ ဝဲပါး၊ ရင်ဘတ်၊ ကျော၊ဝဲ/ယာခြေထောက်တို့တွင် ဖူးရောင်ညိုမဲ ဒဏ်ရာတို့ဖြင့် ၁၄.၁၂.၂၀၁၇ ရက်နေ့ ၂၁၁၅ အချိန်သေဆုံးသွားသဖြင့် အမှုအားပုဒ်မ ၃၂၅ မှ ၃၀၂ သို့ပြောင်းလွဲစစ် ဆေးခဲ့ပြီး အမှုမှတရားခံ မသန်းသန်းနွယ် အားလည်း အမှုဖြင့် ဖမ်းဆီးထားရှိကြောင်း သိရှိရပါသည်။
သတင်း - ဓါတ်ပုံ ။ ။ Aung Zaw Min Tun
by သစ်ထူးလွင်
၎ နှစ်အရွယ်မြေးဖြစ်သူအား အဖွါးဖြစ်သူမှ ရိုက်နှက်ဆုံးမ လက်လွန်သေဆုံး
Reviewed by THITHTOOLWIN
on
09:32
Rating:
