![]() |
ပြည်တွင်း အကြမ်းဖက်သမား အန္တရာယ် အမေရိကန်နဲ့ ဥရောပ သတိပြုသင့် |
ပြည်တွင်းက အကြမ်းဖက်သူတွေဟာ စစ်ပွဲအတွေ့အကြုံမရှိပေမယ့် နယူးယောက်မှာ မကြာခင်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ပုံစံမျိုး IS အဖွဲ့နဲ့ အယ်ကိုင်းရီးဒါးအဖွဲ့ နာမည်တွေခံပြီး တကိုယ်တော် တိုက်ခိုက်မှုတွေ လုပ်လာနိုင်တယ်လို့ အကြမ်းဖက်သမားတွေနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူ CIA အရာရှိဟောင်း Segeman က ပြောဆိုပါတယ်။
အကြမ်းဖက်သူတွေကို IS လိုအဖွဲ့တွေက နောက်ကွယ်က ကြိုးကိုင်ခြင်းမရှိပေမယ့် သူတို့ကိုယ်သူတို့ တိုက်ပွဲဝင်များအဖြစ် အမည်ခံပြီး စီစဉ်တိုက်ခိုက်နိုင်ပါတယ်။ ဒီလိုကိုယ့်အသိစိတ်နဲ့ကိုယ် တိုက်ခိုက်လာမယ့် အကြမ်းဖက်မှုတွေဟာ ဒီကနေ့အချိန်မှာ မှန်းရခက်သလို ဖေါ်ထုတ်ဖို့လည်း ခက်ခဲတယ်လို့ ဆိုပါတယ်။
အမေရိကန်နိုင်ငံမှာ ၂၀၀၁ စက်တင်ဘာ ၁၁ ရက်နေ့ အကြမ်းဖက်မှုကြီးနောက်ပိုင်း အစ္စလာမ္မစ်များနဲ့ ပတ်သက်ဆက်နွယ် တိုက်ခိုက်မှုတွေမှာ တိုက်ခိုက်သူလို့ စွပ်စွဲခံရသူ ၄၁၅ ဦးရှိတဲ့အနက် ၈၅% က အမေရိကန်နိုင်ငံသားတွေဖြစ်နေပြီး အဲဒီထဲက ၂၀၇ ဦးဟာ အမေရိကန်နိုင်ငံမှာ မွေးဖွားသူတွေဖြစ်ပါတယ်။
Photo from Twitter
RFA Burmese
https://www.facebook.com/rfaburmese/
ပြည်တွင်း အကြမ်းဖက်သမား အန္တရာယ် အမေရိကန်နဲ့ ဥရောပ သတိပြုသင့်
Reviewed by THITHTOOLWIN
on
11:30
Rating:
