ရန်ကုန် ဒီဇင်ဘာ ၃
လင်မယားချင်း စကားများ ရန်ဖြစ်စဉ် ခင်ပွန်းဖြစ်သူက ဇနီး ဖြစ်သူအား ဓားဖြင့်ထိုးသတ်ခဲ့ပြီး မိမိကိုယ်ကို သေကြောင်းကြံစည်မှု မိုင်းခတ်မြို့နယ်တွင် ဖြစ်ပွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၃ဝရက် က ရှမ်းပြည်နယ် မိုင်းခတ်မြို့နယ် ဝမ်ကိန်းကောင်ကျေးရွာတွင် လူ သတ်ပြီး မိမိကိုယ်ကိုသေကြောင်း ကြံစည်မှုဖြစ်ပွားကြောင်း သတင်း အရ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ သည် သက်သေများနှင့်အတူ သွား ရောက်စစ်ဆေးခဲ့သည်။
အဆိုပါကျေး ရွာနေ လော်ဆား(၄၃နှစ်)နှင့် ဇနီး ဖြစ်သူ ဒေါ်နှေးဖော်(၄၁နှစ်)တို့ သည် နှစ်သစ်ကူးပွဲတော်တွင် အသားဝေသည့်ကိစ္စဖြင့် လင်မယား ချင်းစကားများရန်ဖြစ်စဉ် လော်ဆား မှ အရိုးအသွား ၁၅ လက်မခန့်ရှိ ဓားဦးချွန်ဖြင့်ထိုးခဲ့၍ ဒေါ်နှေးဖော် တွင် ထိုးသွင်းဒဏ်ရာများ ရရှိ သေဆုံးသွားကြောင်း သိရသည်။
လော်ဆား မှာလည်း မိမိလည်ပင်အား ဓားလှီးဖြတ်ပြီး သေကြောင်းကြံစည်ခဲ့ကြောင်း စစ် ဆေးသိရှိရသောကြောင့် လော်ဆား အား မိုင်းခတ်မြို့မရဲစခန်း(ပ)၂၄/ ၂ဝ၁၇ ရာဇသတ်ကြီးပုဒ်မ ၃ဝ၂/ ၃ဝ၉ ဖြင့် အရေးယူထားကြောင်း သိရသည်။
မိုးစက်
The Union Daily
https://www.facebook.com/uniondaily.net/
ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူအား ဓားဖြင့် ထိုးသတ်ပြီး မိမိကိုယ်ကို သေကြောင်းကြံ
Reviewed by THITHTOOLWIN
on
20:15
Rating:
![ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူအား ဓားဖြင့် ထိုးသတ်ပြီး မိမိကိုယ်ကို သေကြောင်းကြံ](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirqKGxU-7LbklVIqyW2ixVJmjg6pIjA830plVhkdr8cxyr8WwFwc5tQB-FYo_3XaRoPgpdURi1EFRk5-u19Dpz8r-kp2ETt_7Ef865kZ_sxYhg0UPBs5sI8L_vcAnSQxEFO7K5v8-sEjCq/s72-c/Crime+25.png)