![]() |
အချုပ်ခန်း ဖောက်ထွင်း ထွက်ပြေးသော မူးယစ်တရားခံပြေး အေးနိုင်(ခ)နိုင်စိုး။ ဓါတ်ပုံ - MOI |
အဆိုပါ တရားပြေးမှာ ပြီးခဲ့တဲ့ သြဂုတ် ၂၉ ရက် တွင် ကန့်ဘလူမြို့နယ် မလယ်နယ်မြေ ရဲစခန်း အချုပ်ခန်း အိမ်သာအထက် အမိုးသစ်သားချောင်းအား ခွာ၍ ထွက်ပြေး လွတ်မြောက်နေသော တရားခံ အေးနိုင်(ခ)နိုင်စိုး ဖြစ်သည်။
တရားခံပြေး အေးနိုင်(ခ)နိုင်စိုး ရေဦး မြို့နယ် ချောင်းဦးကျေးရွာသို့ ရောက်ရှိ နေကြောင်း သတင်းရရှိသဖြင့် ရေဦးမြို့မ ရဲစခန်း နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် နေမျိုးအောင်နှင့်အဖွဲ့က ဒီဇင်ဘာ ၁၄ ရက် နံနက် ၁ဝ နာရီတွင် ရေဦးမြို့နယ် ချောင်းဦးကျေးရွာ ရွာလယ် လမ်းမ ပေါ်တွင် ဖမ်းဆီးမိခြင်း ဖြစ်သည်။
အဆိုပါ တရားခံပြေးအား မူးယစ်မှု၊ အချုပ်ခန်း ဖောက်ထွင်း ထွက်ပြေးမှုတို့ဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။
သစ်ထူးလွင်
အချုပ်ခန်း ဖောက်ထွင်း ထွက်ပြေးသော မူးယစ်တရားခံပြေး ဖမ်းဆီးရမိ
Reviewed by THITHTOOLWIN
on
09:00
Rating:
