ရခိုင်ဂေဇက်၊ နိုဝင်ဘာ ၃၀
ရခိုင်ပြည်၊ မောင်တော ရွက်ညိုတောင် ချောင်းဝ အနောက်ဖက် (၀.၅)မိုင်အကွာ ဦးစောလှကျွန်း မြောက်ဘက်ထိပ်အနီးတွင် ယနေ့ နိုဝင်ဘာ ၃၀ နံနက် ၆ နာရီခန့်အချိန်တွင် မသင်္ကာဖွယ်ရာ လောင်းလှေတစ်စီးအား စစ်ဆေးရာမှ စိတ်ကြွမူးယစ်ဆေးပြား(၆၅၅၅၀၀)ကို ဖမ်းမီခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မောင်တောမြို့နယ်၊ ဓည၀တီရေတပ်စခန်းဌာနချုပ်မှ တာဝန်ရှိသူများမှ နတ်မြစ်အတွင်းလှည့်ကင်းလှည့်လည်နေစဉ် ရွက်ညိုတောင် ချောင်းဝ အနောက်ဖက် (၀.၅)မိုင်အကွာတွင် ဘင်္ဂလားဒေရှ့်နိုင်ငံသို့ လှော်ခတ်နေသော မသင်္ကာဖွယ်စက်လှေတစ်စီးအား မီးအချက်ပြခေါ်ယူစဉ် လာရောက်ခြင်းမရှိဘဲ ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ ဦးစောလှကျွန်းမြောက်ဘက်ထိပ်အနီးတွင် ၄င်းလှေအား ဖမ်းဆီးမိခဲ့ပြီး လှေပေါ်မှဆာလာအိတ်ဖြင့် ထုတ်ပိုးထားသော မူးယစ်ဆေးပြား (၆၅၅၅၀၀)ပြား၊ ကာလတန်ဖိုး(၁၃၁၁၀၀၀၀၀၀)အား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ဖမ်းဆီးရမိသော ဆေးပြားများအား လောင်းလှေဖြင့် တင်ဆောင်ကာ တရားခံမောင်တောမြို့
နယ် သရက်အုပ်ကျေးရွာမှ မော်နို အား စစ်ဆေးမေးမြန်းရာမှ လှေပိုင်ရှင်မှာ သရက်အုပ်ကျေးရွာမှ မော်ဘူလာဖြစ်ကြောင်း၊ ၄င်းမှ တစ်ဘက်နိုင်ငံသို့ ပို့ဆောင်ရန် မြန်မာငွေကျပ်(၁၅၀၀၀၀) ပေး၍ ခိုင်းစေခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိသော မူးယစ်ဆးဝါးများ၏ပိုင်ရှင်အား ဆက်လက်အရေးယူသွားနိုင်ရန် တရားခံအားဖမ်းမိရေးအတွက် ဆက်လက်စုံစမ်းနေကြောင်းသိရှိရသည်။
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/
မောင်တောတွင် WYနှင့် R စာတန်းပါ မူးယစ်ဆေး ခြောက်သိန်းကျော် (၆၅၅၅၀၀)ပြား ထပ်မံဖမ်းဆီးရမိ
Reviewed by THITHTOOLWIN
on
18:05
Rating: