တရုတ်နိုင်ငံက အကြီးဆုံး လူမှုကွန်ရက် နဲ့ ဂိမ်းကုမ္ပဏီ တဲန်းဆန့် ဟိုးဒင်းစ်ရဲ့ တန်ဖိုးဟာ ဖေ့စ်ဘုတ်ကုမ္ပဏီထက် ကျော်လွန်သွားပြီဖြစ်ပါတယ်။
တနင်္လာနေ့က တဲန်းဆန့်ရဲ့ ဈေးကွက်တန်ဖိုးက ဒေါ်လာ ၅၂၂ ဘီလီယံရှိပြီး ဖေ့စ်ဘုတ်က ဈေးကွက်တန်ဖိုး ဒေါ်လာ ၅၁၉ ဘီလီယံ ရှိတာ ဖြစ်ပါတယ်။
တဲန်းဆန့် ဟိုးဒင်းစ်ဟာ ဈေးကွက်အတွင်း ဒေါ်လာ ဘီလီယံ ၅၀၀ ကျော် တန်ဖိုးရှိတဲ့ ပထမဆုံး အာရှကုမ္ပဏီလည်း ဖြစ်လာပါတယ်။
တဲန်းဆန့်ရဲ့ အဓိက ဝင်ငွေရှာပေးတဲ့ လုပ်ငန်းတစ်ခုကတော့ wechat အက်ပ် ဖြစ်ပါတယ်။ အဲဒီ အက်ပ်ကို လစဉ် လူ သန်းတစ်ထောင်လောက် အသုံးပြုနေတာ ဖြစ်ပါတယ်။ အသုံးပြုသူ အများစုကတော့ တရုတ်နိုင်ငံက ဖြစ်ပါတယ်။
Wechat အက်ပ်ဟာ မိုဘိုင်းဖုန်းပေါ်မှာ စကားပြောတာ၊ မက်ဆေ့ခ်ျပို့တာအပြင် အခုနောက်ဆုံး အွန်လိုင်းငွေပေးချေမှုကိုပါ လုပ်လို့ရတဲ့ အက်ပ် ဖြစ်ပါတယ်။
တဲန်းဆန့်ကနေ League of Legends နဲ့ Honour of Kings စတဲ့ နာမည်ကြီးဂိမ်းတွေကိုလည်း ထုတ်လုပ်ထားပါတယ်။
ဖော့ဘ်စ် မဂ္ဂဇင်းရဲ့ ထုတ်ပြန်ချက်အရ ဒီကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် မ ဟွာတန်ဟာ ကမ္ဘာမှာ နဝမမြောက် အချမ်းသာဆုံးဖြစ်ပြီး ဂူဂဲလ်ကုမ္ပဏီတည်ထောင်သူတွေဖြစ်တဲ့ လယ်ရီပေ့ခ်ျနဲ့ ဆာဂျီဘရင် တို့ထက် ပိုချမ်းသာပါတယ်။
သူဟာ ဒေါ်လာ ၄၈.၃ ဘီလီယံ ချမ်းသာတယ်လို့ ဖော်ပြပါတယ်။
BBC Burmese
http://www.bbc.com/burmese
Wechat ကုမ္ပဏီက ဖေ့စ်ဘုတ်ကို ကျော်တက်
Reviewed by THITHTOOLWIN
on
21:47
Rating:
![Wechat ကုမ္ပဏီက ဖေ့စ်ဘုတ်ကို ကျော်တက်](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcJQn1yj0-76yIUUhK81zmrrZxX33KQ2jIAJzU3BBH_aalbdYap2qUEBe985kh1MHyTG49ESnge9CaPamWkrdZPspJ7YtAtxWuNPXzcoIRZPa7_1F4ttk2mz4Us56E4-mhduxqt_poHDO_/s72-c/2.jpg)