ဂျပန်နိုင်ငံ အရှေ့တောင်ဘက် ပင်လယ်ပြင်တွင် အမေရိကန်စစ်လေယာဉ်တစ်စီး ပျက်ကျရာ အနည်းဆုံး လူ၂ဦးပျောက်ဆုံးနေ
![]() |
အမေရိကန် C2 ကုန်တင်လေယာဉ်တစ်စီး အားတွေ့ရစဉ် (ဆင်ဟွာ) |
ဂျပန်နိုင်ငံ အိုကီနာဝါကျွန်း အရှေ့တောင်ပိုင်း ပင်လယ်ပြင်တွင် အမေရိကန် C2 ကုန်တင်လေယာဉ်တစ်စီး ပျက်ကျခဲ့ရာ အနည်းဆုံး လူ ၂ဦး ပျောက်ဆုံးနေကြောင်း ပြည်တွင်းမီဒီယာက နိုဝင်ဘာ ၂၂ ရက်တွင် ဖော်ပြခဲ့သည်။
လေယာဉ်သည် ဒေသစံတော်ချိန် နေ့လည် ၂း၄၅နာရီ တွင် ပျက်ကျခဲ့ခြင်းဖြစ်ပြီး လေယာဉ်မပျက်ကျခင် လေယာဉ်ပေါ်၌ လေယာဉ်အမှုထမ်း ၁၀ဦး (သို့) ၁၁ဦး လိုက်ပါလာကြောင်း သိရသည်။
လေယာဉ်အမှုထမ်း ၈ဦးကို ကယ်ဆယ်နိုင်ခဲ့သော်လည်း ၎င်းတို့တွင် ဒဏ်ရာရရှိခြင်း ရှိ၊မရှိကိုမူ မသိရှိသေးကြောင်း သတင်းများ၌ဖော်ပြခဲ့သည်။
အဆိုပါ ကုန်တင်လေယာဉ်အား လေယာဉ်တင်သင်္ဘော USS Ronald Reagan က ပိုင်ဆိုင်ပြီး လေ့ကျင့်ပျံသန်းနေစဉ် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
(Xinhua)
http://xinhuamyanmar.com
ဂျပန်နိုင်ငံ အရှေ့တောင်ဘက် ပင်လယ်ပြင်တွင် အမေရိကန်စစ်လေယာဉ်တစ်စီး ပျက်ကျရာ အနည်းဆုံး လူ၂ဦးပျောက်ဆုံးနေ
Reviewed by THITHTOOLWIN
on
18:14
Rating:
![ဂျပန်နိုင်ငံ အရှေ့တောင်ဘက် ပင်လယ်ပြင်တွင် အမေရိကန်စစ်လေယာဉ်တစ်စီး ပျက်ကျရာ အနည်းဆုံး လူ၂ဦးပျောက်ဆုံးနေ](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWTNVQ-wcoVJSMX4stL1WKU94xR-Gj3GZm6f9r9S2ftEIA3GtgGkUBAYdkFcpy8fapYNvmxrc-soQFAGo3U5WToSOPbeHR7Dkf3UrRDRIo2hRgGqy2QKId0zHEgKCvRVTnfbRviMZbFlpw/s72-c/3.jpg)