မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၅)ရပ်ကွက်၊ အကွက်(က-၂) မနော်ဟရီလမ်းနှင့် စိန်ပန်းလမ်းကြား၊ ၇၁လမ်းနှင့် ၇၂လမ်းကြားရှိ အိမ်အမှတ်(၁၀)မှ စတင်၍ နိုဝင်ဘာ ၃၀ ရက် မွန်းလွဲ ၁၂:၃၅ နာရီအချိန်က မီးလောင်မှုဖြစ်ပွားရာ မီးသတ်ယာဉ် ၃၀ စီး၊ ရေသယ်ယာဉ် ၂၀ စီး၊ သန္ဓေမီးသတ် ၇၀ ဦး၊ အရန်မီးသတ် ၁၂၀ ဦးတို့ဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြရာ မွန်းလွဲ ၁နာရီ ၅မိနစ်တွင် မီးငြိမ်းသွားကြောင်း သိရသည်။
အဆိုပါမီးလောင်မှုကြောင့် နံကပ်အိမ် ၂ လုံး၊ သွပ်မိုးထရံကာ နှစ်ထပ်အိမ် ၁ လုံး၊ သွပ်မိုးထရံကာ တစ်ထပ်အိမ် ၃ လုံးနှင့် ဆိုင်ကယ် ၂ စီး ပျက်စီးဆုံးရှုံးကြောင်း သတင်းရရှိသည်။
MRG
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/
ချမ်းမြသာစည်မြို့နယ်တွင် မီးလောင်မှု ဖြစ်ပွား
Reviewed by THITHTOOLWIN
on
17:32
Rating:
![ချမ်းမြသာစည်မြို့နယ်တွင် မီးလောင်မှု ဖြစ်ပွား](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ82yQfEi4ldGGGNnYfegDDl0l5QX3fp_9r8N1An0oq5yQQeVovaqpyDEB1Tw9_5FpwkdXW_eI-irpcqhkq9e0QvZDyjdj6QXclaBfeovfOj33D-Vg-YTiUmmMmt2A3HrU0__PdclUG3bi/s72-c/1.jpg)