မန္တလေး နိုဝင်ဘာ ၃၀
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၇၀×၇၁ လမ်းကြား၊ စိန်ပန်းလမ်းနှင့် မနော်ဟရီ လမ်းကြားရှိ မြို့သစ်(၅) ရပ်ကွက်တွင် နိုဝင်ဘာ ၃၀ ရက် မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်ခန့်က နေအိမ်(၆)လုံးခန့် မီးလောင် ကျွမ်းမှုဖြစ်ပွားခဲ့ရာ မီးလောင်ရာသို့ အုပ်ချုပ်မှု ယာဉ်(၂)စီး၊ မီးငြိမ်း သတ်ယာဉ် (၃၀)စီး၊ ရေသယ် ယာဉ်(၂၀)စီး၊ သန္ဓေမီးသတ်(၇၀)ဦး၊ အရန်မီးသတ် (၁၂၀)ဦးနှင့် ရပ်ကွက်နေပြည်သူများ ၀ိုင်းဝန်း ငြိမ်း သတ်ရာ မွန်းလွဲ ၁ နာရီ ၅ မိနစ်ခန့် တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။
မီးလောင်မှုကြောင့် (၃၀×၁၆)ပေ နံကပ်တိုက်(၁)လုံး၊ (၈၀×၃၂)ပေ၊ သွပ်မိုး ထရံကာ(၁)လုံး၊ (၄၀×၂၀)ပေ သွပ်မိုး ထရံကာ(၁)လုံး၊ (၂၀×၂၀)ပေ သွပ်မိုး ထရံကာ(၁)လုံး၊ (၂၀×၃၀)ပေ သွပ်မိုး ထရံကာ (၁)လုံး၊ (၃၀×၂၀)ပေ နံကပ်တိုက်(အပေါ်ထပ်) (၁)လုံး စုစုပေါင်းနေအိမ်(၆)လုံး မီးလောင် ကျွမ်း ခဲ့ပြီး လူ၊ တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းသိရပြီး မီးလောင် ကျွမ်း သည့် အကြောင်းအရင်းနှင့် မီးပေါ့ဆစွာ သုံးစွဲသူအား မီးသတ် ဦးစီးဌာနနှင့် ပူးပေါင်း၍ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက် ရှိကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ချမ်းမြသာစည်မြို့နယ်တွင် နေအိမ်(၆)လုံး မီးလောင်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
18:12
Rating: