![]() |
တောင်ကိုရီးယား အရှေ့ဘက်ခြမ်း ပြုံဆောင်း အရပ် ကို ဖြတ်ကျော် ခဲ့ |
ဒုံးကျည် ပစ်ခတ် ခဲ့တာ ဖြစ်နိုင်တယ်လို့ အမေရိကန် ပင်တဂွန် စစ်ဌာချုပ် က ပြောပေမယ့် လက်ရှိ အချိန် အထိ စုံစမ်း စစ်ဆေးမှုတွေ လုပ်နေဆဲ ဖြစ်တယ် လို့ ပြောပါတယ်။
တောင်ကိုရီးယား အရှေ့ဘက်ခြမ်း ပြုံဆောင်း အရပ် ကို ဖြတ်ကျော် သွား တယ်လို့ တောင်ကိုရီးယား အခြေစိုက် ယွန်ဟတ် သတင်းဌာန က ဆိုပါတယ်။
လောလောဆယ် အချိန် အထိတော့ ဒုံးကျည် က ဘယ်လောက် အကွာ အဝေး အထိ ရောက်တယ်ဆိုတာ မသိနိုင်သေးဘူးလို့ ဆိုပါတယ်။
ဒီနှစ် အစောပိုင်း တုန်း က မြောက်ကိုရီးယားနိုင်ငံက ပစ်ခတ် ခဲ့တဲ့ ဒုံးကျည် တစ်ခု ဟာ ဂျပန် နိုင်ငံကို ဖြတ်ကျော်ခဲ့တဲ့ ဖြစ်ရပ်လည်း ရှိခဲ့ပါတယ်။
![]() |
မြောက်ကိုရီးယားရဲ့ နျူကလီးယားစမ်းသပ်မှု မှတ်တမ်း |
အဲဒီ ကိစ္စတွေကြောင့် မြောက်ကိုရီးယား နဲ့ အမေရိကန် ကြားမှာ တင်းမာ မှုတွေ ဖြစ်ပေါ် ခဲ့ပြီး ကုလသမဂ္ဂ အနေနဲ့ မြောက်ကိုရီးယား နိုင်ငံကို စီးပွားရေး ပိတ်ဆို့မှု အသစ်တွေလည်း ချမှတ် ထားပါတယ်။
BBC Burmese
http://www.bbc.com/burmese
မြောက်ကိုရီးယား ဒုံးကျည် ထပ်မံ ပစ်ခတ်မှု လုပ်
Reviewed by THITHTOOLWIN
on
06:15
Rating:
