![]() |
ထိုင်း တပ်မတော် မှာ တပ်တွင်း နှိပ်စက် ညှင်းပမ်းတဲ့ အစဉ်အလာ ရှိခဲ့ဖူးပါတယ် |
သူ့အလောင်းမှာ ဉီးနှောက်နဲ့ တခြားအရေးပါတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ခွဲထုတ် ဖယ်ရှား ခံထားရတာကို တွေ့ရှိခဲ့ပြီးနောက် အခုလို ဖြေရှင်းချက် တောင်းလာတာ ဖြစ်ပါတယ်။
အသက် ၁၈နှစ်အရွယ်ရှိ Pakapong Tanyakan ဟာ စစ်ရေး လေ့ကျင့်တုန်း နှလုံးရပ်ပြီး သေဆုံးတာလို့ သက်ဆိုင်ရာက သူ့မိဘတွေကို အသိပေးခဲ့တာပါ။
ဒီကိစ္စအပေါ် သံသယ ရှိတဲ့ သူ့မိဘတွေက သူ့အလောင်းကို ပုဂ္ဂလိကဆေးရုံကို တိတ်တဆိတ် ယူသွားပြီး ခွဲစိတ် ကြည့်တဲ့အခါ သူ့ကိုယ်ခန္ဓာထဲမှာ တစ်သျှူး စာရွက်တွေ ထည့်ထားတာ တွေ့ရတာ ဖြစ်ပါတယ်။
အခုအခါ ဒီကိစ္စကို စုံစမ်း စစ်ဆေးနေတယ်လို့ ထိပ်တန်း အစိုးရ အရာရှိ တယောက် ပြောပါတယ်။
BBC Burmese
http://www.bbc.com/burmese
ထိုင်းဗိုလ်လောင်း ကိုယ်ခန္ဓာတွင်း အစိပ်အပိုင်းတွေ ပျောက်နေ
Reviewed by THITHTOOLWIN
on
12:11
Rating:
![ထိုင်းဗိုလ်လောင်း ကိုယ်ခန္ဓာတွင်း အစိပ်အပိုင်းတွေ ပျောက်နေ](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgm3wuzWrPUI4OgHZ_2oP1npjvICIRZjb324R8aWwvh8GLsNErZnaoTqQxsgLR0ysnnIiocdxQtq_eeoc_JBESoSbQtrzdtn1yminmASk_i0rDE-5TElQWQSN3hKptJXFwFbW28uzgLOmNy/s72-c/5.jpg)