နိုဝင်ဘာ ၃၀ ရက် နံနက် ၇ နာရီခန့်က ကချင်ပြည်နယ် ဗန်းမော်မြို့နယ်၊ ဗန်းမော်-မိုးမောက်ကားလမ်း မိုင်တိုင်အမှတ်(၃၇၃/၅)၊ လေးမိုင် စိန့်စတီဖင် ကတ်သလစ်ဘုရားကျောင်းရှေ့ ကားလမ်းမပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူတစ်ဦးသေဆုံးနေကြောင်း သိရသည်။
အဆိုပါ သတင်းအရ အမှတ်(၁၀၀)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ ဒုရဲအုပ်ဇော်အောင် နှင့် အဖွဲ့က သွားရောက်စစ်ဆေးရာ သေဆုံးနေသူမှာ ဦးခို(၅၇)နှစ်၊ (ပန်းရံလုပ်ကိုင်)၊ မုံညင်းကျေးရွာ၊ ရေစကြိုမြို့နယ်၊ မကွေးတိုင်းဒေသကြီးနေသူဖြစ်ကြောင်း သိရပါသည်။
ယင်းနေ့နံနက် ၅ နာရီက ဘီအိုစီဆောက်လုပ်ရေးဝင်းမှ လက်ဖက်ရည်သောက်ရန် လမ်းလျှောက်ထွက်လာစဉ် အမျိုးအမည်မသိ ယာဉ်တစ်စီးက ဦးခို အား အနောက်မှဝင်တိုက်မိကာ ဦးခေါင်းနောက်စေ့ ပေါက်ပြဲသွေးထွက်ဒဏ်ရာနှင့် ယာဘက်နားသွေးထွက်ဒဏ်ရာဖြင့် အချင်းဖြစ်နေရာ၌ သေဆုံးခြင်းဖြစ်သည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ ဗန်းမော်မြို့မ ရဲစခန်းက ယာဉ်(ပ)၅၆/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၄ (က) ဖြင့် အမှုဖွင့်ကာ ယာဉ်တိုက်မှုဖြစ်ပွားပြီး ထွက်ပြေးတိမ်းရှောင်သွားသူအား ဖမ်းဆီးရမိရေးစုံစမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း - ဓါတ်ပုံ ။ ။ ဗန်းမော်ပွင့်သစ်
အမျိုးအမည်မသိယာဉ်တစ်စီး ဝင်ရောက်တိုက်မိ၍ လူတစ်ဦးသေဆုံး
Reviewed by THITHTOOLWIN
on
17:25
Rating:
![အမျိုးအမည်မသိယာဉ်တစ်စီး ဝင်ရောက်တိုက်မိ၍ လူတစ်ဦးသေဆုံး](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguz0sImPrMD_UdxPkHbEs-L7epkA2_ALmlHtEmqIi86cuW4CePf_h17O5Gc_3tgW4SRk1JJh4o8yDorfGi7lpjDDA1JQg0KZWHUs_bFxRViJDHVUONVbdhV1Ka2OVV8fGS0zAThnT3nDqM/s72-c/1.jpg)