![]() |
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ကို နိုဝင်ဘာလ ၂ဝ ရက်နေ့ကကျင်းပတဲ့ (၁၃)ကြိမ်မြောက် အာရှ-ဥရောပ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ တွေ့ရစဉ် ။ Photo: Myanmar State Counsellor Office |
နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာမှာ ကျင်းပနေတဲ့ ၁၃ ကြိမ်မြောက် အာရှ-ဥရောပ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး ဒီနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာဖြစ်ပါတယ်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ဆွေးနွေးပွဲကို ၂ရက်ကြာကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။
အီးယူက ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ တိုက်တွန်းထားတာရှိတဲ့အပေါ် မြန်မာအစိုးရရဲ့ သဘောထားကို သတင်းထောက်တစ်ဦးက မေးမြန်းရာ ရခိုင်ဒေသမှာ အကြမ်းဖက်မှုတွေ မဖြစ်အောင် မြန်မာဘက်က ထိန်းသိမ်းထားပြီး လောလောဆယ်မှာ အကြမ်းဖက်မှုတွေ ရှိတယ်လို့ မကြားရကြောင်း၊ ဒါပေမဲ့ မဖြစ်နိုင်ဘူးလို့ ပြောလို့မရတဲ့အတွက် အကြမ်းဖက်မှုတွေ မဖြစ်အောင် ထိန်းသိမ်းဖို့ဟာ အစိုးရရဲ့တာဝန်ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့ပါတယ်။
ရခိုင်ပြည်နယ်အတွင်း နယ်စပ်လုံခြုံရေးရှိဖို့၊ တရားဥပဒေစိုးမိုးရေးရှိဖို့နဲ့ လူသားချင်စာနာမှုဆိုင်ရာကိစ္စတွေရှိဖို့ အရေးကြီးကြောင်းလည်း ပြောခဲ့ပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်း မကြာခင်မှာ တည်ငြိမ်အေးချမ်းအောင် လုပ်ဆောင်နိုင်တော့မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။
အာရှ-ဥရောပ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ASEM နဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကို နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၊ ဥရောပသမဂ္ဂ(အီးယူ)၊ စပိန် နိုင်ငံခြားရေးဝန်ကြီးတို့ ပါဝင်ရှင်းလင်းခဲ့တာဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
နေရပ်ပြန်လာနိုင်ရေးကိစ္စ အမြန်ဆုံးသဘောတူညီမှုရရှိမယ်လို့ မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော
Reviewed by THITHTOOLWIN
on
18:12
Rating:
![နေရပ်ပြန်လာနိုင်ရေးကိစ္စ အမြန်ဆုံးသဘောတူညီမှုရရှိမယ်လို့ မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEig7A6TiYAsCtaIKujsmyZEDvKBpoo-dkct_Pw3HMGg25NDDZfhAzAvPHiKl9sbSgwORhjJSex4QN5kIB8sYbRb-_oIX2vfn93eNtjwy18ZrfxV4DjgTtZzuKKmRmtvYofPwWKT5wKWjFd5/s72-c/2.jpg)