ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ကံရိုးရွာ၊ ကွန်ပျူတာတက္ကသိုလ်နဲ့ အစိုးရနည်းပညာအထက်တန်းကျောင်းတို့ကြား မှာ နိုဝင်ဘာ (၃၀)ရက် မနက် (၅)နာရီဝန်းကျင်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားပြီး လူနှစ်ဦးသေဆုံးတယ်လို့ သိရပါတယ်။
ဖြစ်စဉ်မှာ ရန်ကုန်ဘက်ကနေ မန္တလေးဘက်ကို မောင်းနှင်လာတဲ့ အဖြူရောင် နောက်တွဲယာဉ်ပါ ဖူဆိုအမျိုးအစားယာဉ်ဟာ မန္တလေးဘက်ကနေ ရန်ကုန်ဘက်ကို မောင်းနှင်ပြီး ယာဉ်ပေါ်မှာ ယာဉ်အကူတစ်ဦး လိုက်ပါလာတဲ့ နစ်ဆန်းအဖြူရောင်ယာဉ်ရဲ့ ယာဉ်ကြောဘက်ကို ရောက်ရှိသွားပြီး နစ်ဆန်းအဖြူရောင်ယာဉ်ရဲ့ ဝဲဘက်အခြမ်းနဲ့ ပွတ်တိုက်မိကာ ဖူဆိုယာဉ်ဟာ လမ်းရဲ့အရှေ့ဘက်အခြမ်းရှိ ရေမြောင်းထဲကို ထိုးကျတိမ်းမှောက် သွားတယ်လို့ သိရပါတယ်။
ဖူဆိုယာဉ်ပေါ်ပါသူ (၂)ဦးတို့ဟာ ဒဏ်ရာတွေရရှိပြီး ကားအတွင်းပိတ်မိသေဆုံးသွားတယ်လို့ သိရပါတယ်။ အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တောင်ငူမြို့မရဲစခန်းက ယာဉ် (ပ)၁၁၀/၂၀၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိတယ်လို့ သိရပါတယ်။
ဒီသတင်းကို ပဲ့ကိုင်ရှင်(ညောင်လေးပင်) ပေးပို့တာ ဖြစ်ပါတယ်။
Central News Bureau
https://www.facebook.com/skynetcnb
ယာဉ်တိုက်မှုဖြစ်ပွား၍ နှစ်ဦးသေဆုံး
Reviewed by THITHTOOLWIN
on
16:29
Rating:
![ယာဉ်တိုက်မှုဖြစ်ပွား၍ နှစ်ဦးသေဆုံး](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsva0WNMvnuOybVSg-78n-T5LdJwpnVVs6mB81Yq-hPtDwWE4D8z0O5pjLbEHSlLAXRrW9NBgWH3vvqbdzleXDNpCvUIQLYgb78pGNpU8h5u1UjvDBFKJXyCekJqkqqjKUJkoqLRYO3Z0_/s72-c/6.jpg)