![]() |
နောက်ဆက်တွဲ ပိတ်ဆို့မှုတွေ အကြီးအကျယ် ထပ်ဆောင်း ချမှတ်လာဖို့ရှိ |
စာရင်းထဲကနေ မြောက်ကိုရီးယားကို ဖယ်ရှားထားတာ ၉ နှစ် ကြာမြင့်ခဲ့ပြီး အချိန်မှာ အခုလို ပြန်လည် ထည့်သွင်း သတ်မှတ် လာတာဖြစ်ပါတယ်။
အစိုးရ ကက်ဘိနက် အစည်းအဝေးမှာလည်း သမ္မတ ထရမ့်က မြောက်ကိုရီးယား အပေါ် နောက်ဆက်တွဲ ပိတ်ဆို့ အရေးယူမှုတွေ အကြီးအကျယ် ထပ်ဆောင်း ချမှတ် လာဖို့ ရှိတယ်လို့ ပြောပါတယ်။
မြောက်ကိုရီးယားက ဆက်လက် လုပ်ဆောင်နေတဲ့ နျူကလီယာ လက်နက် စီမံကိန်းတွေ အတွက် အခုလို အကြမ်းဖက်ဝါဒ အားပေးတဲ့ နိုင်ငံ စာရင်းထဲ ပြန်ထည့်တာမျိုး၊ ပိတ်ဆို့မှု အသစ်တွေ ထပ်ပြီး လုပ်မှာမျိုးတွေ ပြုလုပ် လာရတာ ဖြစ်တယ်လို့လည်း သမ္မတ ထရမ့်က ဆိုပါတယ်။
![]() |
သံခင်းတမန်ခင်း နည်းတွေ ဆက်သုံးဖို့ မျှော်လင့် နေတဲ့ ရက်ဇ် တေလာဆင် |
မြောက်ကိုရီးယားကို အကြမ်းအားပေး နိုင်ငံစာရင်းထဲ ပြန်ထည့်တဲ့ အကြောင်း၊ အိမ်ဖြူတော်က ကြေညာတဲ့ အခါမှာတော့ ထရမ့်က အခုလို ပြန်ထည့်တာမျိုး လုပ်သင့်ခဲ့တာ ကြာပြီ လို့တောင် ပြောခဲ့ပါတယ်။
အမေရိကန်ရဲ့ အဲဒီစာရင်းထဲ အီရန်၊ ဆူဒန်နဲ့ ဆီးရီးယား တို့ ရှိနှင့်နေပြီး ဖြစ်ပါတယ်။
မြောက်ကိုရီးယားကို အဲဒီ နိုင်ငံတွေ စာရင်းထဲ ပြန်သွင်းဖို့ ဆော်ဩမှုတွေလည်း အမေရိကန် နိုင်ငံထဲ ရှိနေခဲ့ပါတယ်။
အထူးသဖြင့် မြောက်ကိုရီးယားထဲ အဖမ်း ခံထားရတာကနေ ပြန်လွတ်လာတဲ့ အမေရိကန် နိုင်ငံသား အော့တို ဝမ်ဘီယာ သေဆုံး ခဲ့တဲ့နောက် အကြမ်းဖက်အားပေး နိုင်ငံစာရင်းထဲ မြောက်ကိုရီးယားကို ပြန်ထည့်ဖို့ တောင်းဆိုသံတွေ အတော်လေး ဆူညံ လာခဲ့ပါတယ်။
![]() |
ကင်မ်ဂျုံအမ်းကတော့ နျူကလီယာ ရည်မှန်းချက်ကို မစွန့်လွှတ် |
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး တေလာဆင်ရဲ့ ပြောစကားတွေ အရ သံခင်းတမန်ခင်း နည်းတွေ ဆက်သုံးဖို့ မျှော်လင့်ချက် အပေါ် လက်မလျှော့ သေးတာ တွေ့ရသလို၊ မြောက်ကိုရီးယားနဲ့ နီးစပ်တဲ့ တရုတ် အစိုးရ ကိုယ်တိုင် ပြုံယမ်း အစိုးရ အပေါ် တင်းကြပ် လာတာမျိုး ပြုလုပ်လာအောင် အမေရိကန်က သံတမန်နည်းနဲ့ ဆောင်ရွက် နိုင်ခဲ့တဲ့ သာဓကတွေ ရှိထားတယ်လို့ ဝါရှင်တန်မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် ဘာဘရာ ပလက်ထ် အပ်ရှာက ပြောပါတယ်။
BBC Burmese
http://www.bbc.com/burmese
အကြမ်းဖက်ဝါဒ အားပေးစာရင်းထဲ မြောက်ကိုရီးယားကို ပြန်ထည့်
Reviewed by THITHTOOLWIN
on
21:50
Rating:
![အကြမ်းဖက်ဝါဒ အားပေးစာရင်းထဲ မြောက်ကိုရီးယားကို ပြန်ထည့်](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLT_spPEVjVMe_eS977v-FNYc-4v6lJzYxjXk7Lz9XPUE7_ShooOEfNDlJKIOaY3kCe6dDb-EAvf0AyQ5NNoYSmqWySy7Kjb28TzZ_70zR6iVsflXBVOZ3tYmOvz8LFcBp2F2vVW_Q9N1H/s72-c/4.jpg)