၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့ ၁၆၀၀ အချိန် နမ္မတူမြို့နယ်၊ နားဆန်းကျေးရွာနှင့် ၃ မိုင်ခန့်အကွာရှိ တောင်ယာတဲ၌ နေထိုင်သူ အိုက်လျှန်၊ (၇)နှစ်သည် တောင်ယာအနီးဝန်းကျင်တွင် ဖရုံရွက်ခူးပြီး ပြန်လာစဉ် တောင်ယာအနီး တွေ့ရှိသည့် မိုင်းဟု ယူဆရသောပစ္စည်းအား ယူဆောင်ဆော့ကစားရာမှ ပေါက်ကွဲခဲ့ရာ အိုက်လျှန်တွင် လက်နှစ်ဖက် ပြတ်၊ ဝမ်းဗိုက်ပွင့်ထွက် ဒဏ်ရာများဖြင့် သေဆုံးခဲ့သဖြင့် အလောင်းအား ၎င်း၏မိဘများမှ အခင်းဖြစ်တောင်ယာအနီး၌ သင်္ဂြိုဟ်ခဲ့ ကြောင်းသတင်းရရှိပါသည်။
အလားတူ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့ ၁၅၃၀ အချိန် တနိုင်းမြို့နယ်၊
မိုင်းခွန်ပယင်းမှော်နေ အားတီ၊ (၃၀)နှစ်သည် ၎င်းနေထိုင်ရာတဲ၏ တောင်ဘက်သို့
ထင်းခုတ်သွားရာမှ ရွာသို့ ပြန်လာစဉ် KIA သောင်းကျန်းသူများ ထောင်ထားသည့်
မိုင်းအားတိုက်မိ ပေါက်ကွဲခဲ့ရာ အားတီတွင် ဝဲရင်အုံအထက်နှင့်
တင်ပါးပေါက်ပြဲဒဏ်ရာ ၂ ချက်(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် တနိုင်းဆေးရုံသို့
တင်ပို့ကုသလျက် ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။
သစ်ထူးလွင်
တနိုင်းမြို့နယ်၌ မိုင်းပေါက်ကွဲမှုကြောင့် လူ(၁)ဦး ဒဏ်ရာရရှိ |
သစ်ထူးလွင်
နမ္မတူမြို့နယ်၌ မိုင်းပေါက်ကွဲမှုကြောင့် ကလေး ၁ ဦးသေဆုံး
Reviewed by THITHTOOLWIN
on
17:52
Rating: