![]() |
ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်ကို တွေ့ရစဉ် / Photo: Pyithu Hluttaw/ Facebook |
သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောတွေနဲ့ မြေလွတ် မြေလပ် မြေရိုင်းတွေမှာ လုပ်ပိုင်ခွင့် အမျိုးမျိုး ရယူထားတဲ့နေရာတွေမှာ မူလတောင်သူတွေနဲ့ လုပ်ပိုင်ခွင့်ရထားသူတွေအကြား မြေယာအငြင်းပွားမှုတွေကို ပြန်လည်စိစစ်ရေးကော်မတီတွေ ဖွဲ့စည်းဖြေရှင်းပေးဖို့ တိုက်တွန်းတဲ့အဆိုကို ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ် ၆ ဦးနဲ့ စိုက်ပျိုးရေး မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက ရှင်းလင်းပြီးနောက် ဦးဝင်းမြင့် က အခုလို သတိပေးခဲ့တာဖြစ်ပါတယ်။
လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှုတွေကို စီစစ်တဲ့အခါမှာ ပြန်လည်စွန့်လွှတ်ရမယ့်မူဝါဒတွေ စီစစ်ရမယ့်အချက်တွေကို လွှတ်တော်ဖက်က ရှင်းရှင်းလင်းလင်း ဆုံးဖြတ်ထားပြီးသားဖြစ်တဲ့အတွက် အဲဒီမူဝါဒတွေကို မရှင်းမလင်း မပြတ်မသားဖြစ်အောင် ချမှတ်တာကို လက်မခံနိုင်ကြောင်းလည်း ၀န်ကြီးဌာနကို သတိပေးခဲ့ပါတယ်။
အဆိုကို ပါဝင်ဆွေးနွေးခဲ့တဲ့ ကိုယ်စားလှယ်တွေက သက်ဆိုင်ရာ မဲဆန္ဒနယ်အလိုက် ကြုံတွေ့ရတဲ့ တောင်သူတွေရဲ့ အခက်အခဲတွေ တရားရင်ဆိုင်နေရတာတွေကို တင်ပြဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
အောက်ခြေမှာ တောင်သူတွေဟာ လယ်မြေအသိမ်းခံရပြီး တရားလည်းအစွဲခံရသလို ထောင်ကျနေတာတွေ ရှိနေတဲ့အတွက် တောင်သူတွေကို ကိုယ်ချင်းစာဖို့လည်း ဦးဝင်းမြင့်က ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် လွှတ်တော်သက်တမ်း ၂ နှစ်ရှိတော့မှာဖြစ်ကြောင်း၊ လယ်ယာမြေ ပြဿနာတွေကို ဆွေးနွေးနေတာ ကြာမြင့်နေပြီဖြစ်ကြောင်းနဲ့ နောင်မှာ လယ်ယာမြေ ရာခိုင်နှုန်းဘယ်လောက်ကို စွန့်လွှတ်ပြီး ဘယ်လောက်ကို ပြန်ပေးပြီးပြီလဲဆိုတာတွေကို တိတိကျကျ ဖြေဖို့လိုကြောင်း ဦးဝင်းမြင့်က ပြောကြားခဲ့ပါတယ်။
အဆိုကို လာရောက်ရှင်းလင်းခဲ့တဲ့ စိုက်ပျိုးရေး မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက လယ်ယာမြေ သိမ်းဆည်းခံရမှုတွေကို ဆောင်ရွက်နေကြောင်း တင်ပြခဲ့ပြီး အဆိုကို မှတ်တမ်းတင်ဖို့ သဘောထားပေးခဲ့ရာ အဆိုတင်သွင်းသူနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက သဘောတူတဲ့အတွက် လွှတ်တော်က မှတ်တမ်းတင် စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
မူဝါဒတွေမပြောဘဲ တိတိကျကျ ဖြေဖို့ စိုက်/မွေးဆည်မြောင်းဝန်ကြီးဌာနကို ဦးဝင်းမြင့် သတိပေး
Reviewed by THITHTOOLWIN
on
18:12
Rating:
![မူဝါဒတွေမပြောဘဲ တိတိကျကျ ဖြေဖို့ စိုက်/မွေးဆည်မြောင်းဝန်ကြီးဌာနကို ဦးဝင်းမြင့် သတိပေး](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJ1TlZKyglIa1MQWcRet7T-o-taZaqrX2UssnvfzzSQRFDR6hrvkglv9qJPKOq-ij_tRiU3lfE9DhmyRUkdtyrp2jHPjLnMwFNBXz0hy8sNpBt4pIIGGYwxtk8zK9iomBOEaeJ1SowLXUe/s72-c/4.jpg)