မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ပေလေးပင်အမြန်လမ်းရဲစခန်းအပိုင် ရန်ကုန်-မန္တလေးအမြန်လမ်းပိုင်း မိုင်တိုင်အမှတ် (၂၄၅)မိုင် (၇)ဖာလုံအနီးမှာ နိုဝင်ဘာ(၂၀)ရက် နံနက်(၉)နာရီ(၅၀)ခန့်က အမျိုးသမီးနှစ်ဦးပါတဲ့ LANJIA 100 အနက်ရောင် ဆိုင်ကယ်ဟာ HONDA AIR WAVE အမျိုးအစား မီးခိုးရောင် မော်တော်ယာဉ်နဲ့ တိုက်မိမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ယာဉ်တိုက်မှုကြောင့် မော်တော်ယာဉ်ပေါ်ပါ လေးဦးမှာ ထိခိုက်ဒဏ်ရာမရရှိပေမယ့် ဆိုင်ကယ်မောင်းနှင်လာသူ အမျိုးသမီးဟာ နားနှာခေါင်း၊ ယာဘက်ခြေထောက်တို့မှာ ဒဏ်ရာတွေ ရရှိပြီး ဆိုင်ကယ်နောက်မှာ လိုက်ပါလာသူလည်း မေးစေ့၊ နဖူး၊ နှာခေါင်းတို့မှာ ဒဏ်ရာတွေရရှိခဲ့ကာ ဒဏ်ရာရရှိသူတွေကို ညောင်တုန်းတိုက်နယ်ဆေးရုံကို တပ်ဖွဲ့ပိုင် မော်တော်ယာဉ်နဲ့ ပို့ဆောင်ခဲ့ရပါတယ်။ ဆိုင်ကယ်မောင်နှင်သူဟာ ဆေးရုံရောက်ရှိသေဆုံး ခဲ့ပြီး လိုက်ပါလာသူကတော့ အခြေအနေ မစိုးရိမ်ရကြောင်း မှုခင်းမှတ်တမ်းအရ သိရှိရပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး အမြန်လမ်းမကြီးအပိုင် ပေလေးပင် ရဲစခန်းမှ ယာဉ်(ပ)၅၈/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သိရပါတယ်။ ဒီသတင်းကို ဘိုဘို(မလှိုင်) ပေးပို့တာ ဖြစ်ပါတယ်။
Central News Bureau
https://www.facebook.com/skynetcnb/
အမြန်လမ်းမကြီးပေါ် ယာဉ်မတော်တဆဖြစ်မှု ဆိုင်ကယ်မောင်းသူသေဆုံး
Reviewed by THITHTOOLWIN
on
21:37
Rating:
![အမြန်လမ်းမကြီးပေါ် ယာဉ်မတော်တဆဖြစ်မှု ဆိုင်ကယ်မောင်းသူသေဆုံး](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUeh7kKyZn7EllJAs0Fh7JyD11KC0VskJuEqBf8mgPD5lVcmizX8XwzeLQPt5t7ZUXuE5AsK__bv-0xRt-sXsg2Nh89EcH0bXZmWRawcxtXvoO63E0IGs_eyb6hsZwwR9PYS5Lp4WWXLBE/s72-c/4.jpg)