ထိုင်းနိုင်ငံ ပကျော့ ခီရီခန် ဘန်စဖန်နွိုင်ခရိုင် ကျေးရွာအုပ်စု (၄) မှာရှိတဲ့ ရာဘာခြံ အလုပ်သမားအိမ်ယာဝန်းအတွင်းမှာ ထိုင်းမိသားစုဝင် ( ထိုင်းအလုပ်သမားမိသားစု) လေးဦး သတ်ဖြတ်ခံရတဲ့ အမှုမှ အဓိကတရားခံ မြန်မာနိုင်ငံသားတဦးကို နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေပိုင်းက ဖမ်းမိခဲ့ကြောင်း သိရပါတယ်။
အဆိုပါ တရားခံက ရဲစခန်းမှာ သူနဲ့ အတူ သူငယ်ချင်း(၄)ယောက် ပူးပေါင်းသတ်ခဲ့တာလို့  ရဲစခန်းမှာ ၀န်ခံခဲ့တယ်လို့  ဆိုပါတယ်။
ငွေကြေးဆိုင်ရာ ပြဿနာကနေ အချင်းများ ရန်ဖြစ်ခဲ့ကြပြီး လူသတ်မှု ကျူးလွန်တဲ့ တရားခံတွေဟာ အရက်စုသောက်ပြီး တဲ့နောက်မှာ အခုလို လူသတ်မှု ဖြစ်ခဲ့တာဖြစ်ပါတယ်။ တခြား တရားခံ (၄)ဦးကတော့ ထွက်ပြေးလွတ်မြောက်နေသေးကြောင်း ထိုင်းသတင်းတွေမှာရေးသားနေပါတယ်။
Credit Daily news
Social Action for Children and Women - SAW
ထိုင်းမိသားစုဝင် (၄)ဦး သတ်ဖြတ်ခံရတဲ့ အမှုမှ အဓိကတရားခံ မြန်မာနိုင်ငံသားတဦး ဖမ်းဆီးမိ
Reviewed by THITHTOOLWIN
on
06:34
Rating:
![ထိုင်းမိသားစုဝင် (၄)ဦး သတ်ဖြတ်ခံရတဲ့ အမှုမှ အဓိကတရားခံ မြန်မာနိုင်ငံသားတဦး ဖမ်းဆီးမိ](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7S6kon6PEWvOfwK-Trr1GXRudKQmGqhd2g9DO417WvfJ4rYfnBFCe0obZo8C2KxDDZSJaI_OA0Zgt0VlQq0pqp7oipkySFgO3FrWwzBAw1yO935lAFp64D-CQwSZeSRHYjTHov6m54DHx/s72-c/1.png)