![]() |
ဦးပါမောက္ခကို ကမာရွတ်မြို့နယ် တရားရုံးမှာ နိုဝင်ဘာလ ၂၁ ရက်နေ့က ရုံးထုတ်စဉ်။ Photo: Thant Zin Oo/RFA |
နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) အမှုကိုလည်း ဒီကနေ့မှာစွဲချက်တင်လိုက်ရာ အဲဒီအမှုနဲ့ပတ်သက်ပြီး ပလပ်ပေးဖို့ တရားရုံးကိုလျှောက်ထားခဲ့တယ်လို့ ဦးပါမောက္ခရဲ့ မိသားစုဝင် ဦးအောင်မြိုင်(မစိုးရိမ်)က ပြောပါတယ်။
ရုံးထုတ်အပြီးမှာ ဦးပါမောက္ခ က အခုလို ပြောကြားခဲ့ပါတယ်။
ဒီကနေ့ ဒုတိယအကြိမ် ရုံးထုတ်မှာ တရားလိုဖြစ်တဲ့ ကမာရွတ်မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်ကို မေးခွန်း ၄၀ ကျော် စတင်မေးမြန်း စစ်ဆေးခဲ့ပါတယ်။
ဦးပါမောက္ခကို တရားစွဲဆိုဖို့အတွက် တရားရုံးကိုဦးတိုက်လျှောက်ထားတဲ့လျှောက်လွှာက ဒုမြို့နယ်မှူး ဦးသန်းထွန်းအောင်ရဲ့ လက်မှတ်ဟာ သူ့လက်မှတ်မဟုတ်ဘူးလို့ ကာယကံရှင် ဦးသန်းထွန်းအောင်ကိုယ်တိုင် အစစ်ဆေးခံခဲ့ပါတယ်။
နိုဝင်ဘာလ ၁၂ ရက်နေ့က လယ်သမားတစ်ဦး မြေသိမ်းခံရတာနဲ့ ပတ်သက်ပြီး မြောက်ဒဂုံမြို့နယ်ရဲစခန်းမှာ ဆန္ဒပြခွင့် လျှောက်ထားတာကို ကူညီပေးစဉ်မှာ ဆရာတော် ဦးပါမောက္ခကို ပုဒ်မနှစ်ခုနဲ့ ဖမ်းဆီးလူဝတ်လဲ ခဲ့တာဖြစ်ပါတယ်။
ဦးပါမောက္ခဟာ ပြီးခဲ့တဲ့နှစ်က အမေရိကန်သံရုံးရှေ့မှာ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်း သုံးစွဲမှုကို ကန့်ကွက် ဆန္ဒပြခဲ့တာကြောင့် ပုဒ်မ ၅၀၅(ခ)၊ ပုဒ်မ ၁၉ တို့နဲ့ ကမာရွတ်မြို့နယ်ရဲစခန်းက တရားစွဲဆိုပြီး တရားရုံးကို ကြွရောက်ခြင်း မရှိတာကြောင့် ဖမ်းဝရမ်းထုတ်ထားတာဖြစ်ပါတယ်။
အဲဒီဆန္ဒပြမှုကြောင့် ဦးပါမောက္ခအပြင် မျိုးချစ်ရဟန်းပျိုများသမဂ္ဂက ဆရာတော် ဦးသုစိတ္တနဲ့ ဦးဥာဏဓမ္မ တို့ကိုလည်း ကမာရွတ်မြို့ နယ်တရားရုံးက ဖမ်းဝရမ်းထုတ်ထားပါတယ်။
RFA Burmese
http://www.rfa.org/burmese
ပုဒ်မ ၁၉ နဲ့ ဦးပါမောက္ခကို ထောင်ဒဏ် ၁လ ချမှတ်
Reviewed by THITHTOOLWIN
on
18:42
Rating:
![ပုဒ်မ ၁၉ နဲ့ ဦးပါမောက္ခကို ထောင်ဒဏ် ၁လ ချမှတ်](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_AkKKtpkRg4UTxbSoolEfBItIDrcF_rEESSHKyfZywygSAIf8h8Aot8dLYUiMM1B2T7YOC5oPuCEOzvtDaPFuNdzrERD4-31FisDBeR0Fba6iSS1RmBeexwXpKolKbN-cA_JlmEq9Xqop/s72-c/5.jpg)