![]() |
JMC-U ရဲ့ (၁၃) ကြိမ်မြောက် အစည်းအဝေးနှင့် စပ်လျဉ်းသည့် စာနယ်ဇင်း ရှင်းလင်းပွဲကျင်းပနေသည်ကို တွေ့ရစဉ် / Photo: Thant Zin Oo/ RFA |
ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးစင်တာ NRPC မှာ ၃ရက်တာကျင်းပခဲ့တဲ့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC-U ရဲ့ (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ချင်းပြည်နယ်က တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းတာကို ဒေါက်တာရွှေခါးရ်က ဖြေကြားခဲ့တာဖြစ်ပါတယ်။
၃ ရက်တာ ကျင်းပခဲ့တဲ့ JMC - U အစည်းအဝေးမှာ JMC နဲ့ ပြည်သူလူထုတွေ့ဆုံပွဲတွေကို JMC-S ရုံးစိုက်ရာ မြို့တွေနဲ့ အခြားမြို့တွေမှာ JMC-S များရဲ့ အစည်းအဝေးဆုံးဖြတ်ချက်နဲ့ ကျင်းပသွားဖို့၊ JMC-U အရပ်သား ကိုယ်စားလှယ်များဦးဆောင်တဲ့ စိစစ်အတည်ပြုရေးဆိုင်ရာ စွမ်းရည်မြင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲတွေ ကို (၆)လတစ်ကြီမ် ပြုလုပ်သွားဖို့ စတာတွေကို သဘောတူ ဆုံးဖြတ်ခဲ့ကြပါတယ်။
ဒါ့အပြင် JMC-U အလှည့်ကျ ဒုတိယဥက္ကဌ(၂)အဖြစ် ဦးပြည့်စုံကို ဒီဇင်ဘာလ ၁ ရက်ကနေ မေလ ၃၀ ရက်အထိ တာဝန်ထမ်းဆောင်စေဖို့နဲ့ မိသားစု ကျန်းမာရေးအခြေအနေကြောင့် နှုတ်ထွက်ခွင့်တောင်းခံထားတဲ့ JMC-U အရပ်သားကိုယ်စားလှယ် သူရဦးတင်လှအစား သူရဦးဘိုနီကိုပြောင်းလဲတာဝန်ပေးဖို့ သဘောတူ ဆုံးဖြတ်ခဲ့ကြပါတယ်။
JMC-U ရဲ့ ၂ နှစ်နီးပါးကြားကာလအတွင်း ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U ကိုတိုင်ကြားမှုကြောင်း ၂၈၅ မှုရှိခဲ့ပြီး ၁၈၂ မှုကိုဖြေရှင်းပေးခဲ့နိုင်ခဲ့ကြောင်းနဲ့ JMC-U ရဲ့ အသုံးစရိတ်ကို လာမယ့် ၂၀၁၈-၁၉ နှစ်မှာ အရင်နှစ်အသုံးစားရိတ်ထက် အမေရိကန်ဒေါ်လာ ၁ သန်း ပိုမိုသုံးစွဲမယ်လို့လည်း JMC - U ရဲ့ အတွင်းရေးမှူး ၂ ဒေါက်တာရွှေခါးက ပြောပါတယ်။
RFA Burmese
http://www.rfa.org/burmese
AA နဲ့ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားမှု အစိုးရဘက်ကို CNF စောင့်ကြည့်နေ
Reviewed by THITHTOOLWIN
on
20:50
Rating:
![AA နဲ့ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားမှု အစိုးရဘက်ကို CNF စောင့်ကြည့်နေ](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFfh6QFvAYQVnhVu33owM9k3A03PcAhdaJZtSUnOocsReHPooAKIeYslGZEkcVVO0-mPociZv5coLB6tksgEZWG06PVeHq1bHuRjkzETSfvGGtlu7pNDMt1UWEpmzm45vIcskPHlLjb7RR/s72-c/2.jpg)