TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ တပ်ဖွဲ့ဝင် ၂ ဦးက မန်ခေါက်ကျေးရွာ အလယ်တန်းကျောင်းခွဲ ကျောင်းအုပ်ဆရာမကြီးအား အဓမ္မပြုကျင့်


နေပြည်တော်၊ အောက်တိုဘာ - ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့နယ်ခွဲ၊ မန်ခေါက်ကျေးရွာရှိ အလယ်တန်းကျောင်း ခွဲမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်------(၄၄ နှစ်) သည် နေအိမ်၌ တစ်ဦးတည်းရှိနေစဉ် အောက်တိုဘာ ၂၅ ရက် နံနက် ၁ နာရီခန့်တွင် TNLA လက်မောင်းတံဆိပ်ပါ ယူနီဖောင်းဝတ်ဆင်ထားသူ ၂ ဦး ရောက်ရှိလာပြီး ကျောင်း အုပ်ဆရာမကြီး၏ လက်ကိုင်ဖုန်း ၂ လုံးအား ယူဆောင်ကာ နေအိမ်အပြင်ဘက်သို့ ခေါ်ထုတ်၍ သားမယား အဖြစ် အဓမ္မပြုကျင့်ခဲ့သည်ဟု သိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျောင်းအုပ်ဆရာမကြီးက နံနက် ၄ နာရီခွဲတွင် ကျေးရွာမှ ရပ်မိရပ်ဖများနှင့်အတူ ကျောက်မဲမြို့နယ်ပညာရေးမှူးရုံးသို့ သွားရောက်၍ ၎င်း၏ လက်ကိုင်ဖုန်း ၂ လုံးအား TNLA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ တပ်ဖွဲ့ဝင် ၂ ဦးက ယူဆောင်သွားခဲ့ကြောင်း တိုင်ကြားခဲ့သဖြင့် မြို့နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူများအား မန်ခေါက်ကျေးရွာသို့ စေလွှတ်ပြီး ဖြစ်စဉ်အားမေးမြန်းစုံစမ်းခဲ့ရာ အဓမ္မပြုကျင့်မှု ဖြစ်စဉ် ဖြစ်ပွားခဲ့သည့်အကြောင်း ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

အထက်ပါကိစ္စနှင့်ပတ်သက်၍ ယင်းနေ့ မွန်းလွဲပိုင်းတွင် TNLA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ တားနောင်ချို ဦးစီး အင်အား ၁၀၀ ဦးခန့်သည် ပြစ်မှုကျူးလွန်သူ ၂ ဦးနှင့်အတူ မန်ခေါက်ကျေးရွာသို့ ရောက် ရှိခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ပိုင်ဆိုင်သည့် ဖုန်း ၂ လုံးအား ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါအလယ်တန်းကျောင်းခွဲမှ ဆရာမ ၁၃ ဦးတို့သည် ယင်းဖြစ်စဉ်ကြောင့် ဆက်လက်နေထိုင်လိုခြင်း မရှိသဖြင့် ကျောက်မဲမြို့သို့ ပြန်လိုကြောင်းပြောကြားခဲ့ရာ TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က စေလွှတ်ခြင်းမပြုဘဲ တားမြစ်ထားကြောင်း သတင်းရရှိသည်။

မြ၀တီ
https://www.facebook.com/mwdmedia/
TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ တပ်ဖွဲ့ဝင် ၂ ဦးက မန်ခေါက်ကျေးရွာ အလယ်တန်းကျောင်းခွဲ ကျောင်းအုပ်ဆရာမကြီးအား အဓမ္မပြုကျင့် TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ တပ်ဖွဲ့ဝင် ၂ ဦးက မန်ခေါက်ကျေးရွာ အလယ်တန်းကျောင်းခွဲ ကျောင်းအုပ်ဆရာမကြီးအား အဓမ္မပြုကျင့် Reviewed by THITHTOOLWIN on 10:02 Rating: 5
Powered by Blogger.