မက္ကဆီကိုနိုင်ငံ San Dionisio del Mar မြို့ အနောက်တောင်ဘက်စွန်း၌ အင်အား ၅.၄ ရှိသော ငလျင်လှုပ်ခတ်

မက္ကဆီကိုနိုင်ငံတွင် စက်တင်ဘာလ ၉ ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပျက်စီးသွားခဲ့သော အဆောက်အဦ တစ်လုံးအား တွေ့ရစဉ် 
  ပေကျင်း၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံ San Dionisio del Mar မြို့ အနောက်တောင်ဘက်စွန်းတွင် အင်အား ၅.၄ ရှိသော ငလျင် တစ်ခု အောက်တိုဘာလ ၁၄ ရက် ဂရင်းနစ်စံတော်ချိန် နံနက် ၀၀း၂၀ နာရီအချိန်၌ လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒ စစ်တမ်းအရ သိရသည်။

ကနဦး တိုင်းတာချက်အရ အဆိုပါ ငလျင်သည် မြောက်လတ္တီကျု ၁၆.၂၅၆ ဒီဂရီနှင့် အနောက်လောင်ဂျီကျု ၉၄.၇၇၈၃ ဒီဂရီအကြား၊ အနက် ၅၉.၅၂ ကီလိုမီတာအား ဗဟိုပြုကာ လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။

(Xinhua)
http://www.xinhuamyanmar.com/world

မက္ကဆီကိုနိုင်ငံ San Dionisio del Mar မြို့ အနောက်တောင်ဘက်စွန်း၌ အင်အား ၅.၄ ရှိသော ငလျင်လှုပ်ခတ် မက္ကဆီကိုနိုင်ငံ San Dionisio del Mar မြို့ အနောက်တောင်ဘက်စွန်း၌ အင်အား ၅.၄ ရှိသော ငလျင်လှုပ်ခတ် Reviewed by THITHTOOLWIN on 20:46 Rating: 5
Powered by Blogger.