MNA လေယာဉ် ၁၅ မိနစ် ခန့် ပျံသန်းပြီးမှ စစ်တွေလေယာဉ်ကွင်းသို့ ပြန်ဆင်းသက်ခဲ့ရ


နိရဉ္စရာ၊ အောက်တိုဘာ ၂၆

ယနေ့ အောက်တိုဘာ ၂၆ ရက် ညနေ ၅ နာရီခန့်တွင် စစ်တွေ လေယာဉ်ကွင်းမှ ရန်ကုန်သို့ ပြန်ရန် ပျံတက်ခဲ့သည့် MNA မြန်မာအမျိုးသားလေကြောင်းလိုင်း လေယာဉ်သည် ၁၅ မိနစ်ကြာ ကောင်းကင်ပေါ် ပျံတက်ပြီးနောက် အရေးပေါ် စစ်တွေ လေယာဉ်ကွင်းသို့ ပြန်လည်ဆင်းသက်ခဲ့ရသည်ဟု သတင်းရရှိသည်။

လေယာဉ်မှာ ကောင်းကင်ပေါ်တွင် ၁၅ မိနစ်အကြာ မိုင် ၄၀ ခန့် ပျံသန်းပြီးနောက် ပြန်လည်ပြီး အရေးပေါ်ဆင်းသက်ရခြင်းမှာ လေယာဉ်မောင်းခန်းထဲသို့ ပြန်ပလေများ ၀င်ရောက်လာ၍ ဖြစ်ကြောင်း စစ်တွေမြို့မှ သတင်းထောက် တစ်ဦးဖြစ်သူ လ၀န်းရံ၏ ပို့စ်တွင် ရေးသား ဖော်ပြထားသည်။

လေယာဉ်သည် ညနေ ၉ နာရီကျော်က ပြန်လည် ပျံတက်သွားရာ ခရီးသည် ၉၅ ဦးထဲမှ ခရီးသည် ၅၄ ဦးသာ လိုက်ပါသွားပြီး အများစုမှာ စိုးရိမ်ထိတ်လန့်သဖြင့် စစ်တွေတွင် ကျန်နေခဲ့သည်ဟု သိရသည်။

စစ်တွေလေဆိပ်သို့ ဆက်သွယ်ရာ လေယာဉ်ဝန်ထမ်းတစ်ဦးက လေယာဉ်ဆင်းသက်ခဲ့ရသည်မှာဟုတ်မှန်ကြောင်း၊ ပြင်ဆင်ပြီးနောက် ရန်ကုန်သို့ ပြန်လည်ထွက်ခွာသွားပြီဟု ပြောကြားသည်။

(ဓာတ်ပုံ- လ၀န်းရံ)
Narinjara
https://www.facebook.com/Narinjara-151742128171206/
MNA လေယာဉ် ၁၅ မိနစ် ခန့် ပျံသန်းပြီးမှ စစ်တွေလေယာဉ်ကွင်းသို့ ပြန်ဆင်းသက်ခဲ့ရ MNA လေယာဉ် ၁၅ မိနစ် ခန့် ပျံသန်းပြီးမှ စစ်တွေလေယာဉ်ကွင်းသို့ ပြန်ဆင်းသက်ခဲ့ရ Reviewed by THITHTOOLWIN on 06:20 Rating: 5
Powered by Blogger.