အမြန်လမ်းမကြီးတွင် Light Truck ယာဉ် ယာဘက်ရှေ့ဘီးပေါက်ပြီး အရှိန်မထိမ်းနိုင်ပဲတိမ်းမှောက်


နေပြည်တော်-အောက်တိုဘာ-၂၉

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ဘုရားတောင်အမြန်လမ်းအပိုင်း မိုင်တိုင်အမှတ် ၂၃၀/၆ နှင့် ၂၃၀/၇ အကြား မန္တလေးဘက်မှ နေပြည်တော်ဘက် သို့ယာဉ်မောင်း နိုင်ဦးမောင်းနှင်လာသော Light Truck ယာဉ်မှာ အောက်တိုဘာလ ၂၉ ရက်နေ့ ယနေ့နံနက် ၈ နာရီ မိနစ် ၄၀ ခန့်က ယာဘက်နောက်ဘီးပေါက်ပြီး အရှိန်မထိမ်းနိုင်ပဲ လမ်းလယ်ကျွန်းပေါ်သို့ တိမ်းမှောက်ခဲ့သည်။


ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်တွင်ယာဉ်မောင်းပါ အမျိုးသား ၇ ဦး အမျိုးသမီး ၁၅ ဦး ပေါင်း ၂၂ ဦးအနက် အမျိုးသမီး ၁၅ ဦး အမျိုးသားသုံးဦးဒဏ်ရာရရှိခဲ့သည်။

ဒဏ်ရာရှိသူများအား တပ်ဖွဲ့ပိုင်ယာဉ်ဖြင့် နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရသည်။သို့ပါ၍ ယာဉ်ကိုမဆင်မခြင်ပေါ့ဆစွာမောင်းနှင်သူယာဉ်မောင်း အားသက်ဆိုင်ရာက အမှုဖွင့်အရေးယူထားကြောင်းသိရသည်။

သန်းဦး(လေးမျက်နှာ)
ဓါတ်ပုံ/အမြန်လမ်းရဲတပ်ဖွဲ့
Min Myat Oo (fb)
အမြန်လမ်းမကြီးတွင် Light Truck ယာဉ် ယာဘက်ရှေ့ဘီးပေါက်ပြီး အရှိန်မထိမ်းနိုင်ပဲတိမ်းမှောက် အမြန်လမ်းမကြီးတွင် Light Truck ယာဉ် ယာဘက်ရှေ့ဘီးပေါက်ပြီး အရှိန်မထိမ်းနိုင်ပဲတိမ်းမှောက် Reviewed by THITHTOOLWIN on 18:09 Rating: 5
Powered by Blogger.