ကလေး -ရန်ကုန် ပြေးဆွဲသည့် EXPRESS ယာဉ် မတော် တဆဖြစ် ၊ နှစ်ဦးသေဆုံး


ရန်ကုန်၊ အောက်တိုဘာ ၂၇။

စစ်ကိုင်းတိုင်းဒေသကြီးကလေးမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသည့် ရွှေမန္တလာ ခရီးသည် EXPRESS ယာဉ်တစ်စင်း ပုံတောင်၊ တောင်ပုံ ဒေသတွင် မတော်တဆမှုဖြစ်ပွားခဲ့ရာ ခရီးသည်တစ်ဦး နှင့် ယာဉ်နောက်လိုက်တစ်ဦးတို့ကွယ်လွန်ခဲ့ကြောင်း ရန်ကုန်မြို့ ၊ ရွှေမန္တလာ ကားဂိတ်မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

“ ဟုတ်ပါတယ်။ နှစ်ဦးသေဆုံးပါတယ်။ ခရီးသည် တစ်ဦးနဲ့ စပယ်ယာတစ်ဦးပါ။ သုံးဦးဒဏ်ရာရပါတယ်။ ယာဉ်ပေါ်မှာ ခရီးသည် ၁၃ ဦးပဲပါပါတယ် “ ဟု ၄င်းကပြောသည်။


အောက်တိုဘာ ၂၆ ရက် ညပိုင်း က ပုံတောင်ဒေသတွင် မိမိတို့ ယာဉ်လိုင်းမှ ခရီးသည်တင် ယာဉ်မတော် တဆဖြစ်ပွားသည်ဆိုခြင်းမှာ မှန်ကန်ပါကြောင်း ၊ လူသေဆုံးမှုရှိသည်ဟုလည်းသိရကြောင်း၊ တာဝန်ရှိသူများ အခင်းဖြစ်နေရာသို့သွားရောက်နေကြောင်း၊ မတော်တဆဖြစ်ပွားသည့်နေရာ နှင့် ဖြစ်စဉ် အသေးစိတ်ကို မသိရှိရသေးကြောင်း ကလေးမြို့ ရွှေမန္တလာကားဂိတ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဓါတ်ပုံ - (facebook)
စိုင်းမင်း
The Asia Heart News
ကလေး -ရန်ကုန် ပြေးဆွဲသည့် EXPRESS ယာဉ် မတော် တဆဖြစ် ၊ နှစ်ဦးသေဆုံး ကလေး -ရန်ကုန် ပြေးဆွဲသည့် EXPRESS ယာဉ် မတော် တဆဖြစ် ၊ နှစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 09:59 Rating: 5
Powered by Blogger.