နီပေါ၌ ဘတ်စကားတစ်စီး မြစ်အတွင်းသို့ ထိုးကျ၊ အနည်းဆုံး ၃၁ ဦးသေဆုံး

နီပေါ၌ ဘတ်စကားတစ်စီး မြစ်အတွင်းသို့ ထိုးကျ၊ အနည်းဆုံး ၃၁ ဦးသေဆုံး
ခတ္တမန္ဒူ အောက်တိုဘာ ၂၈

နီပေါနိုင်ငံ၌ အောက်တိုဘာ ၂၈ ရက် တွင် ဟိန္ဒူဘာသာရေး ပွဲတော်မှ နိုင်ငံ၏မြို့ တော် ခတ္တမန္ဒူမြို့သို့ ပြန်လာသည့် အဝေးပြေး ဘတ်စကားတစ်စီး လမ်းချော်ပြီး မြစ်အတွင်းသို့ ထိုးကျမှုဖြစ်ပွားရာ ၃၁ ဦးထက်မနည်း သေဆုံးကြောင်း တာဝန်ရှိသူများက ပြောသည်။

အဆိုပါ မတော်တဆမှုသည် ခတ္တမန္ဒူမှ တောင်ပိုင်းဒေသကို ဆက်သွယ်ထားသည့် ပရီသစ်ဗီးအဝေးပြေး လမ်းမကြီး၌ အရုဏ်တက်ချိန်တွင် ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။ကယ်ဆယ်ရေးအဖွဲ့သည် လူသေအလောင်း ၃၁ လောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်းနှင့် နောက်ထပ် အသက်ရှင်ကျန်ရစ်သူများ အတွက် ရှာဖွေကယ်ဆယ်မှုများ ဆက်လက် လုပ်ဆောင်နေကြောင်း အစိုးရအဖွဲ့မှ တာဝန်ရှိသူ ရမ်မနီမီရှာက Reuters သတင်းဌာနသို့ ပြောသည်။ ကယ်ဆယ်ရေးအဖွဲ့သည် ရော်ဘာလှေနှင့် ရဲတပ်ဖွဲ့မှရေငုပ်သမားတို့ဖြင့် ဘတ်စကားရှိရာနေရာကို နာရီပေါင်းများစွာကြာ ရှာဖွေပြီး ကရိန်းဖြင့်မတင်ရန် ကြိုးစားကြောင်း မီရှာက ပြောသည်။

အဆိုပါ မတော်တဆမှုအတွင်း ၁၆ ဦး ဒဏ်ရာရရှိကြောင်းနှင့် အသက်အန္တရာယ် စိုးရိမ်ရသူနှစ်ဦးကို ခတ္တမန္ဒူမြို့ရှိ ဆေးရုံသို့ ပို့ဆောင်ထားပြီး ကျန်ဒဏ်ရာရရှိသူများကို ဒေသတွင်းဆေးရုံသို့ ပို့ဆောင်ထားကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး ရှာယမ်ပရာဆက်ဘီဟန်ဒါရီ က ပြောသည်။ အသက်ရှင်ကျန်ရစ်သူများသည် ကားမြစ်အတွင်းသို့ ထိုးကျစဉ် ကားတံခါးကို တွန်းဖွင့်ပြီး ထွက်လာကြကြောင်းနှင့် အခြား ၁၃ ဦးသည် ကားအတွင်း၌ ပိတ်မိနေဆဲဖြစ်သည်ဟု ယူဆရကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

မြ၀တီ
https://www.facebook.com/mwdmedia
နီပေါ၌ ဘတ်စကားတစ်စီး မြစ်အတွင်းသို့ ထိုးကျ၊ အနည်းဆုံး ၃၁ ဦးသေဆုံး နီပေါ၌ ဘတ်စကားတစ်စီး မြစ်အတွင်းသို့ ထိုးကျ၊ အနည်းဆုံး ၃၁ ဦးသေဆုံး Reviewed by THITHTOOLWIN on 18:08 Rating: 5
Powered by Blogger.