ကိုအမ်းသားကြီး အဖမ်းခံရ

(ဓာတ်ပုံ- ယခုလ ၃ ရက်နေ့က မိသားစုများ အသတ်ခံခဲ့ရသည့် ဟိန္ဒူအမျိုးသမီးတစ်ဦးအား ကိုအမ်းသားကြီးမှ ကြိမ်ချောင်းရွာတွင် ငွေလှူနေစဉ်)
နိရဉ္စရာ၊ အောက်တိုဘာ ၁၅

သင်္ဂဟကမ်းလက် ရက္ခိတအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ကိုအမ်းသားကြီးကို မြောက်ဦး ရဲက ယနေ့တွင် ဖမ်းဆီးလိုက်သည်။

ဖမ်းဆီးခြင်းကို မြောက်ဦးရဲစခန်းမှူး မှ နိရဉ္စရာ သတင်းဌာနသို့ အတည်ပြုပြောကြားသည်။

“ ဖမ်းတာမှန်တယ်။ ဒီကနေ့ ၁၆ နာရီ ၃၀ ဖြစ်ပါတယ်။ ဖမ်းတာက အရင်က ၁၇ (၁) (၂) နဲ့ တရားစွဲထားပါတယ်။ ဒါကြောင့် သူ့ကို ဖမ်းတာပါ” ဟု စခန်းမှူးက ပြောသည်။

ကိုအမ်းသားကြီးအား မြတန်ဆောင်ဆရာတော်တို့နှင့် အမူတွဲတူဖြစ်ပြီး ယခုနှစ် ဧပြီလက မြောက်ဦးမြို့ မြတန်ဆောင်ကျောင်းတွင် ရက္ခိုင့်တပ်မတော် ဘော်လုံးပွဲကျင်းပသည့် အမှုနှင့်ပတ်သက်ပြီး ဖမ်းဆီးခြင်း ဖြစ်သည်ဟု ဆိုသည်။

ဧပြီလ ၁၀ ရက်နေ့တွင် ကျရောက်သော ၈ ကြိမ်မြောက် AA ဖလားဘောလုံးပွဲကို ကျင်းပရန် စီစဉ်ခဲ့ရာမှ ယင်းနေ့တွင်ပင် မြတန်ဆောင်းဆရာတော်နှင့် ခိုင်နီမင်းတို့သည် မတရားအသင်းပုဒ်မ ၁၇ (၁) နှင့် ၁၇ (၂) တို့ဖြင့် ရဲ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။

သြဂုတ် ၃၀ ရက်နေ့က မြောက်ဦးမြို့နယ် တရားရုံးမှ မြတန်ဆောင်းဆရာတော်နှင့် ခိုင်နီမင်းတို့ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်စီ အသီးသီး ချမှတ်ခဲ့သည်။

Narinjara
https://www.facebook.com/Narinjara
ကိုအမ်းသားကြီး အဖမ်းခံရ ကိုအမ်းသားကြီး အဖမ်းခံရ Reviewed by THITHTOOLWIN on 20:39 Rating: 5
Powered by Blogger.