လေးမျက်နှာမြို့နယ်၌ စေတီစိန်ဖူးတော် ခိုးယူသူအား


ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်၊ မြင်းကျိုးချောင်း ကျေးရွာ၌ တည်ထားကိုးကွယ် လျက်ရှိသော ဉာဏ်တော်(၃၀)ပေရှိ လောကမာန်အောင်စေတီတော်မှ တန်ဖိုးကျပ်(၁၅၀)သိန်းခန့်ရှိ စိန်ဖူးတော် ခိုးယူသူအား အောက်တိုဘာလ ၂၈ ရက်နေ့ က ဖမ်းဆီးမိခဲ့ကြောင်း သိရပါသည်။

အဆိုပါ စိန်ဖူးတော်မှာ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်နေ့ ၁၃၀၀ အချိန်ခန့် က ပျောက်ဆုံးခဲ့ခြင်း ဖြစ်ပြီး၊ စိန်ဖူးတော်ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ဂေါပကအဖွဲ့မှ အနီး ပတ်ဝန်းကျင်ကျေးရွာများအတွင်း စုံစမ်းခဲ့ရာ အောက်တိုဘာလ ၁၇ ရက်နေ့တွင် ချစ်ကို၊ (၂၂)နှစ်၊ ညောင်ပင်တန်းကျေးရွာ၊ လေးမျက်နှာမြို့နယ်နေသူမှ ခိုးယူသွားကြောင်းသိရှိရသည်။

ချစ်ကိုအား ဆရာတော် နှင့် ဂေါပကအဖွဲ့မှ ခေါ်ယူမေးမြန်းခဲ့ရာ ချစ်ကိုမှ ခိုးယူကြောင်းဝန်ခံပြီး စိန်ဖူးတော်အား ဝှက်ထားသည့် မြင်းကျိုး ချောင်းကျေးရွာနှင့် ဒေါင့်ကြီးကျေးရွာကြားရှိ ရေမြောင်းအတွင်းမှ ပြန်လည်ရရှိခဲ့သော်လည်း စိတ်ဖူးတော်မှ ရတနာပစ္စည်းအချို့ပျောက်ဆုံးနေကြောင်း တွေ့ရှိရသည်။

 အောက်တိုဘာလ ၂၈ ရက်နေ့ ၁၇၅၀ အချိန်တွင် ချစ်ကို(ဖမ်းမိ)အား လေးမျက်နှာမြို့မရဲစခန်း (ပ)၁၃၅/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/၂၉၅-က(ခိုးမှု/ သာသနာညှိုးနွမ်း စေမှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်

လေးမျက်နှာမြို့နယ်၌ စေတီစိန်ဖူးတော် ခိုးယူသူအား လေးမျက်နှာမြို့နယ်၌ စေတီစိန်ဖူးတော် ခိုးယူသူအား Reviewed by THITHTOOLWIN on 18:54 Rating: 5
Powered by Blogger.