![]() |
တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့က ဘဏ်တစ်ခုကို တွေ့ရစဉ်။ Photo: Kan Thar/RFA |
ဘဏ်စာရင်း အပိတ်ခံလိုက်ရသူတွေဟာ လောင်းကစား လုပ်သူတွေ မဟုတ်ပေမယ့် လောင်းကစားသမားတွေ ရဲ့ငွေတွေ သူတို့ဘဏ်စာရင်းထဲ ၀င်လာတဲ့အတွက် အခုလို စာရင်းပိတ်ခံရတာဖြစ်တယ်လို့ ဦးမင်းသိန်းက ရှင်းပြပါတယ်။
"အဲဒီ ငွေလဲသမားတွေကတော့ သူတို့က လောင်းကစားလုပ်တာမဟုတ်ဘူးလေ။ လောင်းကစားသမားတွေ ကနေပြီးတော့ ပတ်သက်ပြီးတော့ တစ်ဆင့်တစ်ဆင့်နဲ့ အွန်လိုင်းကနေပြီးတော့ လောင်းကစား လုပ်တဲ့သူတွေနဲ့ သွားငြိတယ်ပြောတယ်။ လောင်းကစားသမားတွေရဲ့ အကောင့်ကို လိုက်ပိတ်ရင်းနဲ့ သူတို့အကောင့်ပါ အပိတ်ခံလိုက်ရတာ။ အဲဒီလိုဖြစ်သွားတာ။ ငွေလဲသမားတွေက လောင်းကစားသမားတွေရဲ့ ပိုက်ဆံတော့ မဟုတ်ဘူးလေ။ ဒါပေသိ အပြင်ကသွင်းတော့ ဘယ်သူသွင်းမှန်း သူတို့မသိဘူးလေ။ မသိတော့ လောင်းကစား သမား ပိုက်ဆံတွေက သူတို့ထဲကို စီးဝင်လာတာ"
အပိတ်ခံလိုက်ရတဲ့ ဘဏ်စာရင်း ၃ ခုရှိတယ်လို့ သိထားကြောင်းနဲ့ အဲဒီစာရင်းထဲက ငွေပမာဏကိုတော့ မသိရကြောင်း ပြောပါတယ်။
အဲဒီ ဘဏ်စာရင်းတွေ အပိတ်ခံရပေမယ့် နယ်စပ်ကုန်သွယ်ရေးကို မထိခိုက်ဘူးလို့ မူဆယ်မြို့က ကုန်သည်အချို့က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့နဲ့ ၁၅ ရက်နေ့တွေတုန်းကလည်း မြန်မာနိုင်ငံသားကုန်သည်တွေရဲ့ ဘဏ်စာရင်း ၁၃၀ ကျော်ကို တရုတ်အစိုးရဘက်က ပိတ်ခဲ့ဖူးပါတယ်။
အဲဒီနောက် အများစုကို ဇွန်လ ၂၃ ရက်နေ့မှာ တရုတ်ဘက်က ပြန်ဖွင့်ပေးခဲ့ပါတယ်။
RFA Burmese
http://www.rfa.org/burmese
မြန်မာနိုင်ငံသားတချို့ရဲ့ ဘဏ်စာရင်း ပိတ်ခံရ
Reviewed by THITHTOOLWIN
on
19:12
Rating:
