မြောက်ဥက္ကလာပမြို့နယ် ဘုံကထိန်အလှူခံတစ်ခုမှာ ငွေစက္ကူအတုတွေ ဖမ်းဆီးရမိ


၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့ ၁၉၅၀ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်ရှိ ဘုံကထိန်အလှူခံတစ်ခု၌ ငွေစက္ကူအတု(၁၀,၀၀၀)ကျပ်တန်နှင့် (၅,၀၀၀)ကျပ်တန် အတုများ ကိုင်ဆောင်၍ လှူဒါန်းသုံးစွဲနေသူတစ်ဦးအား ဖမ်းဆီး ရမိသဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။

 သတင်းအရ ဝေဘာဂီနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ မှုခင်းရဲတပ်ဖွဲ့စု(၆)မှ ရဲတပ်ဖွဲ့ဝင်တို့ပါ ပူးပေါင်းအဖွဲ့တို့မှ သွားရောက်စစ်ဆေး ခဲ့ရာ ဦးအောင်ကျော်၊ (၅၉)နှစ်၊ (ဌ)ရပ်ကွက် နေသူ၏ ဘေးလွယ်အိတ်အတွင်းမှ ငွေစက္ကူအတု (၁၀,၀၀၀)ကျပ်တန်(၁၃၉)ရွက်နှင့် (၅,၀၀၀) ကျပ်တန် (၆၀)ရွက်တို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ပြီး၂၂၃၀ အချိန် ဦးအောင်ကျော်(ဖမ်းမိ)အား ဝေဘာဂီနယ်မြေရဲစခန်း(ပ)၁၁၇၇/၂၀၁၇၊ ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့်စစ်ဆေး လျက်ရှိပါသည်။

မှုခင်းရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ အဆိုပါ(၅,၀၀၀)ကျပ်တန် ငွေစက္ကူအတုများသည် နိုင်ငံခြားစက္ကူအမျိုးအစားဖြစ်ပြီး အစစ်ထက် (၁)လီမီတာတိုခြင်း၊ နံပါတ်စဉ် အက္ခရာများသည် အရောင်မှေးမှိန်နေခြင်း၊ ရုပ်ပုံ/တန်ဖိုးရေစာများမှာ ပုံရိပ်သာပါရှိခြင်း၊ လုံခြုံရေးကြိုးမှာ ခရမ်းရောင်သာ ပါရှိပြီး အရောင်းပြောင်းလဲမှု မရှိခြင်း၊ လျှို့ဝှက်ချက်များမပါရှိဘဲ ကာလာပရင်နည်းဖြင့် တုပထားခြင်းဖြစ်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်

မြောက်ဥက္ကလာပမြို့နယ် ဘုံကထိန်အလှူခံတစ်ခုမှာ ငွေစက္ကူအတုတွေ ဖမ်းဆီးရမိ မြောက်ဥက္ကလာပမြို့နယ် ဘုံကထိန်အလှူခံတစ်ခုမှာ ငွေစက္ကူအတုတွေ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 08:50 Rating: 5
Powered by Blogger.