အကြမ်းဖက်သမားများ၏ အန္တရာယ်အားစိုးရိမ် ကြောက်လန့်နေရကြောင်း ဘင်္ဂါလီများပြော ကြား


ရခိုင်ဂေဇက်၊အောက်တိုဘာ ၁၈

ASRAအကြမ်းဖက် သမားများ၏ ခြိမ်းခြောက်နေမှုကြောင့် စိုးရိမ် ထိတ်လန့်စွာနေထိုင်ရကြောင်း ကုလသမဂ္ဂ နိုင်ငံရေးရာဌာနအကြီးအကဲ ဒုတိယအတွင်းရေးမှူးချုပ် မစ္စတာ ဂျက်ဖရီဖဲလ်မန်၏ အောက်တိုဘာ ၁၇ ရက်နေ့ မောင်တောဒေသခရီးစဉ်တွင်း ငါးခူရ ရွာသူရွာသားများနှင့် တွေ့ဆုံစဉ် ဘင်္ဂါလီများမှ ပြောကြားခဲ့ကြောင်းသိရသည်။


ငါးခူရကျေးရွာနေဘင်္ဂါလီများမှာမိမိတို့ အနေဖြင့် နေ၀င်မည်ကိုပင် စိုးရိမ်ထိတ်လန့်နေရကြောင်း ပြောကြားရာကုလသမဂ္ဂ နိုင်ငံရေးရာဌာနအကြီးအကဲ ဒုတိယအတွင်းရေးမှူးချုပ် မစ္စတာ ဂျက်ဖရီဖဲလ်မန် နှင့်အတူ လိုက်ပါခဲ့သူ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်မှ မည်သည့်အတွက်ကြောင့် စိုးရိမ်နေရကြောင်းမေးမြန်းခဲ့ရာမှ ယခုကဲ့သို့ ARSA အကြမ်းဖက်သမားများ၏ ခြိမ်းခြောက်မှုများအား ခံနေရကြောင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် ဘင်္ဂါလီများအား နိုင်ငံသားအဖြစ် အသိအမှတ်ပြုပေးရန် လိုအပ်ကြောင်း ၊ လွတ်လပ်စွာသွားလာခွင့် ခွင့်ပြုပေးဖို့ တင်ပြခဲ့ကြပြီး NVP(National Verification Process နိုင်ငံသားအဖြစ်စိစစ်ခံ မည့်ကတ် ထုတ်ပေးခြင်းလုပ်ငန်းစဉ်အားလက်မခံနိုင်ကြောင်း ငခူရကျေးရွာမှ ဘင်္ဂါလီ တစ်ဦးမှ ဆိုသည်။

“ နိုင်ငံသားအသိအမှတ်ပြုပေးဖို့အတွက် အစိုးရကထုတ်ပေးနေတဲ့ NVCကဒ်ကို လက်ခံရယူဖို့လိုတယ်၊ဒီကတ်ရမှာသာ စိစစ်ပြီးရင် နိုင်ငံသားဖြစ်ထိုက်သူကို နိုင်ငံသား ပြုပေးနိုင်မည်ဖြစ်ကြောင်း” ပြည်နယ်လူမှုရေးဝန်ကြီးမှာ အဆိုပါခရီးစဉ်တွင် ပြန်လည်ဖြေကြားခဲ့ကြောင်းသိရသည်။

ကုလသမဂ္ဂ နိုင်ငံရေးရာဌာနအကြီးအကဲ ဒုတိယအတွင်းရေးမှူးချုပ် မစ္စတာ ဂျက်ဖရီဖဲလ်မန်နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် တို့သည် မောင်တောမြို့နယ်၊ငခူရကျေးရွာတွင် ရခိုင်တိုင်းရင်းသားများနှင့် ဟိန္ဒူဘာသာဝင်များနှင့်တွေ့ဆုံရာ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများနှင့် ဟိန္ဒူဘာသာ ၀င်များကလုံခြုံစိတ်ချရစွာ နေထိုင်နိုင်ရန် လုံခြုံရေးကိုတိုးမြှင့်ချထားပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ကုလသမဂ္ဂ နိုင်ငံရေးရာဌာနအကြီးအကဲ မစ္စတာဂျက်ဖရီဖဲလ်မန် ဦးဆောင်သောကိုယ်​စားလှယ်အဖွဲ့သည်ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ နှင့်လည်း အောက်တိုဘာ ၁၇ ရက်နေ့၊နံနက်ပိုင်းတွင် သီးသန့်တွေ့ဆုံခဲ့ပြီး နေ့လည်ပိုင်းတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်အပါအ၀င် ၀န်ကြီးများမှ အကြမ်းဖက်ဖြစ်စဉ်များဖြစ်ပွားခဲ့ရာနေရာများသို့ ကြည့်ရှုနိုင်ရန် ပို့ဆောင်ခဲ့ပြီး ပြည်သူများနှင့်လည်းတိုက်ရိုက်တွေ့ဆုံပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဖိုးခွားလေး
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/
အကြမ်းဖက်သမားများ၏ အန္တရာယ်အားစိုးရိမ် ကြောက်လန့်နေရကြောင်း ဘင်္ဂါလီများပြော ကြား အကြမ်းဖက်သမားများ၏ အန္တရာယ်အားစိုးရိမ် ကြောက်လန့်နေရကြောင်း ဘင်္ဂါလီများပြော ကြား Reviewed by THITHTOOLWIN on 16:45 Rating: 5
Powered by Blogger.