ဧရာဝတီဒေသခံတွေ မောင်တောထူထောင်ရေး ကူညီအောင် ဝန်ကြီးချုပ် နှိုးဆော်မည်

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီ ကို အောက်တိုဘာလ ၂၇ ရက်နေ့က စစ်တွေမြို့မှာ တွေ့ရစဉ်။ Photo: Min Thein Aung/RFA
ရခိုင်ပြည်နယ် မောင်တောဒေသ ပြန်လည်ထူထောင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီးမှာရှိတဲ့ လုပ်ငန်းရှင်တွေ ၊ အသင်းအဖွဲ့အစည်းတွေနဲ့ ဒေသခံတွေပါ ပါဝင်ကူညီလာနိုင်အောင် နှိုးဆော်သွားမယ်လို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီ ကပြောပါတယ်။

ဒီနေ့ မနက်က စစ်တွေမြို့မှာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီက သတင်းထောက်တွေကို ပြောခဲ့ တာဖြစ်ပါတယ်။

မောင်တောဒေသ ပြန်လည်ထူထောင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီနဲ့ အစိုးရအဖွဲ့ တာဝန်ရှိသူတွေ၊ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ တို့ဟာ မောင်တောမြို့နယ်ကို မနေ့က သွားရောက်လေ့လာခဲ့တာပါ။

အဲဒီခရီးစဉ်မှာ သစ်တုံးနားခွဆုံ မြိုတိုင်းရင်းသားကျေးရွာ ပြန်လည်ထူထောင်ရေးအတွက် ရွာခံတိုင်းရင်းသားတွေ နဲ့ တွေ့ဆုံခဲ့သလို အတတ်နိုင်ဆုံး အကူအညီတွေပေးမယ့်အကြောင်း ပြောဆိုခဲ့တယ်လို့ ဝန်ကြီးချုပ် မန်းဂျော်နီ ကပြောပါတယ်။

ရခိုင်ပြည်နယ် ဂွမြို့နယ်ဘက်ကနေ ဧရာဝတီတိုင်းဒေသကြီးဘက်အထိ ကမ်းခြေပတ်လမ်းမတစ်ခုကိုဖောက်လုပ်ဖို့ ရခိုင်ပြည်နယ်အစိုးရနဲ့ သဘောတူထားတယ်လို့လည်း ဝန်ကြီးချုပ် မန်းဂျော်နီက ပြောပါတယ်။

မောင်တောဒေသ ပြန်လည်ထူထောင်ရေးအတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးကလည်း ဝိုင်းဝန်းကူညီ သွားမယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
ဧရာဝတီဒေသခံတွေ မောင်တောထူထောင်ရေး ကူညီအောင် ဝန်ကြီးချုပ် နှိုးဆော်မည် ဧရာဝတီဒေသခံတွေ မောင်တောထူထောင်ရေး ကူညီအောင် ဝန်ကြီးချုပ် နှိုးဆော်မည် Reviewed by THITHTOOLWIN on 18:34 Rating: 5
Powered by Blogger.