တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော် လာရောက် သူများပြား


တောင်ကြီး အောက်တိုဘာ ၂၈

မြန်မာနိုင်ငံ၏ အထင်ကရပွဲတော်တစ်ခုဖြစ်သည့် နာမည်ကျော် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော် တတိယနေ့ကို ယနေ့ ဆက်လက်ကျင်းပခဲ့ရာ လာရောက်ကြည့်ရှုသူများ တစ်နေ့ထက်တစ်နေ့ များပြားလာသည်။ နာမည်ကျော်ပွဲတော် တစ်ခုဖြစ်သော ကြောင့် အနယ်နယ်အရပ်ရပ်မှ လာရောက်ကြည့်ရှုသူများအပြင် ပြည်ပခရီးသွားများပါ လာရောက်ကြည့်ရှုခဲ့ကြသည်ကို တွေ့ရသည်။

တတိယနေ့ မွန်းလွဲပိုင်းတွင် နေ့လွှတ်အရုပ်များ လွှတ်တင်ခဲ့ကြပြီး မွန်းတည့် ၁၂ နာရီနောက်ပိုင်းမှစ၍ လာရောက်ကြည့်ရှု သူများ တဖြည်းဖြည်းများပြားလာခဲ့ပြီး ညပိုင်းတွင် မီးပုံးပျံပွဲတော်ကျင်းပရာ အဝေရာကုန်းသာယာကွင်းအတွင်း အပြည့်ဖြစ် သွားခဲ့သည်။ ညပိုင်းတွင် ညမီးကြီးနှင့် စိန်နားပန်မီးပုံးပျံများ လွှတ်တင်ခဲ့ပြီး လူအများ စိတ်ဝင်စားကြသည့်အလျောက် မီးပုံးပျံ များကလည်း ဆွဲဆောင်မှုရှိခဲ့သည်။ ရှမ်းအိုးစည်သံ တညံညံနှင့် မီးပုံးပျံကွင်း ရောက်သွားသည်မှာ အပျော်များကူးစက်စေခဲ့ပြီး က္ဘာလှည့်ခရီးသွားများမှာလည်း စိတ်ပါဝင်စားစွာ လေ့လာစေ့ငုနေကြသည်။

''တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ဆိုတာ မြန်မာနိုင်ငံရဲ့ အထင်ကရ ပွဲတော်တစ်ခုဖြစ်ပါတယ်။ အနယ်နယ် အရပ်ရပ်ကလူတွေ လာကြသလို တစ်နှစ်နဲ့တစ်နှစ် မတူအောင် စိတ်ဝင်စားမှုတွေပေးတာကြောင့် နှစ်တိုင်း လူတွေအများကြီးလာကြ တာ ဖြစ်ပါတယ်။ မီးပုံးပျံပွဲတော်ကိုလာရင် ရှမ်းပြည်နယ်ရဲ့ တခြားအလှူတွေကိုလည်း လေ့လာခွင့်ရတာကြောင့် အလွန်ကို ပျော်ရွှင်ရပါတယ်''ဟု ရန်ကုန်မြို့မှ လာရောက်ကြည့်ရှုသူတစ်ဦးက ပြောသည်။ ယခုနှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို နိုဝင်ဘာ ၃ ရက်အထိ ကျင်းပမည်ဖြစ်သည်။

သတင်း-ရဲရင့်ရှိုင်း၊ ဓာတ်ပုံ-စိုးညွန့်
https://www.facebook.com/MYANMAALINNNEWS
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော် လာရောက် သူများပြား တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော် လာရောက် သူများပြား Reviewed by THITHTOOLWIN on 09:07 Rating: 5
Powered by Blogger.