မောင်တောမြို့ ရွာသစ်ကေရပ်ကွက်(ဘင်္ဂါလီ)၌ လူနေထိုင်ခြင်းမရှိသည့် နေအိမ်တစ်လုံးမီလောင်


ရခိုင်ဂေဇက်၊ အောက်တိုဘာလ ၁၀ ရက်

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့ ရွာသစ်ကေရပ်ကွက် ဘင်္ဂါလီရွာ၌ လူနေခြင်းမရှိသည့် လူနေထိုင်ခြင်းမရှိသည့် နေအိမ်တစ်လုံး မှာအောက်တိုဘာလ ၉ ရက်နေ့ ညနေ ၇ နာရီ ၁၀ မိနစ်အချိန်တွင် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါမီးလောင်မှုမှာ မီးပုံးပျံပြုတ်ကျရာမှ လောင်ကျွမ်းခြင်းဖြစ်ပြီး မောင်တောမြို့နယ်ရဲတပ်ဖွဲ့၊ တရ ခမရ(၅၆၅)မှ တာဝန်ရှိသူများနှင့် မောင်တောမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ကားနှစ်စီးဖြင့် သွားရောက် ငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။
“မီးလောင်မှုစဖြစ်တာက ညနေ ၈ လောက်မှာဖြစ်တာပါ။ မီးပုံပျံပြုတ်ကျရာကနေ စလောင်တာ။ နေအိမ်က ဓနိမိုး၊ ဝါးထရံကာ၊ မြေစိုက်နေအိမ် အမျိုးအစားဖြစ်ပြီး လူမနေထိုင်တဲ့ နေအိမ်ဖြစ်တယ်။ မီးစလောင်တဲ့ အချိန်မှာ ကျွန်တော်တို့နဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ မြို့နယ်မီးသတ်ဦးစီးဌာနက မီးသတ်ကားနှစ်စီးနဲ့ သွားရောက် ခဲ့ကြပါတယ်။ ညနေ ၇ နာရီ မိနစ် ၄၀လောက်မှာ ငြိမ်းသတ်နိုင်ခဲ့ပါတယ်။ ဆုံရှုံးမှုတန်ဖိုးက ကျပ် ၁၅၀၀၀ လောက်ပဲရှိပါတယ်။” ဟု မောင်တောမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်မြဝင်းက ပြောသည်။

မီးလောင်မှုဖြစ်ဖြစ်စဉ်နှင့် ပတ်သက်၍ မြို့နယ်ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများမှ စုံစမ်းစစ်ဆေးခဲ့ရာ နေအိမ်မှာ လူနေထိုင်ခြင်းမရှိသည့် နေအိမ်ဖြစ်ပြီး၊ မီးလောင်မှုမှာ မီးပုံးပျံပြတ်ကျရာမှစတင်လောင်ကျွမ်းခြင်းဖြစ်သည့်အတွက် အမှုဖွင့်လှစ်ထားခြင်းမရှိဟုလည်း သိရသည်။
“ဘယ်ကလွှတ်လိုက်တဲ့ မီးပုံးပျံလည်းမသိဘူး။ မီးက ပေါ့ဆမီးလည်း မဟုတ်ဘူး။ ရှို့မီးလည်းမဟုတ်ဘူး။ မီးပုံးပျံပြုတ်ကျပြီး လောင်တာဖြစ်တဲ့အတွက် အမှုဖွင့်အရေးယူတာတွေတော့ မရှိဘူး။” ဟု ရဲမှူး ကျော်မြဝင်းက ဆိုသည်။

အေးအေးသန်း
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal
မောင်တောမြို့ ရွာသစ်ကေရပ်ကွက်(ဘင်္ဂါလီ)၌ လူနေထိုင်ခြင်းမရှိသည့် နေအိမ်တစ်လုံးမီလောင် မောင်တောမြို့ ရွာသစ်ကေရပ်ကွက်(ဘင်္ဂါလီ)၌ လူနေထိုင်ခြင်းမရှိသည့် နေအိမ်တစ်လုံးမီလောင် Reviewed by THITHTOOLWIN on 15:52 Rating: 5
Powered by Blogger.