စားသုံးရန်မသင့်သည့် အစားအသောက်တံဆိပ်များကျန်မားရေး နှင့်အားကစားဝန်ကြီးဌာန ထုတ်ပြန်

ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ-- ကြေးမုံ)
    လက်ဖက်၊ ငရုတ်သီးမှုန့်၊ ငါးပိ၊ ငါးပိထောင်းအစားအသောက်များ အနက် တံဆိပ်အချို့တို့တွင် ခွင့်မပြုဆိုးဆေးများ၊ မှိုအဆိပ်ပါဝင်ခြင်းတို့ကြောင့် စားသုံးရန်မသင့်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန မှ အသိပေးကြေညာချက်ထုတ်ပြန်သည်။

ရွှေပုဇွန် အမှတ်တံဆိပ် ပုစွန်ငါးပိ၊ ရွှေဟသာင်္တံဆိပ်အရောင်တင်မှုန့်၊ မြသီရိတံဆိပ် မြိတ်ငါးပိထောင်း၊ အေးကမ္ဘာအမှတ်တံဆိပ် ရှုးရှဲလက်ဖက်ချဉ်စပ်နှပ်၊ မသက်သက် အမှတ်တံဆိပ် လက်ဖက်ချဉ်စပ်နှပ်၊ ရွှေတောင်တန်းတံဆိပ် လက်ဖက်ချဉ်စပ်၊ ရွှေဖောင်းကွဲတံဆိပ် လက်ဖက်အညွန့် တို့တွင် ခွင့်မပြုဆိုးဆေးများ ပါဝင်နေကြောင်း ၊ ဟသာင်္မင်းတံဆိပ် ငရုတ်သီးအစိမ်းမှုန့် တွင် မှိုအဆိပ် သတ်မှတ်ပမာဏထက်ကျော်လွန်နေကြောင်း အသိပေးကြေညာချက်ထဲတွင် ပါရှိသည်။

အစားအသောက်ထုတ်လုပ်၊ ဖြန့်ဖြူးရောင်းချသူများသည် အစားအသောက်တွင်သုံးစွဲရန် ခွင့်မပြုသောဆိုးဆေး များကိုလုံးဝအသုံးမပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက အမျိုးသားအစားအသောက် ဥပဒေပုဒ်မ၂၈(က)အရ အရေးယူမည်ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန မှ သတိပေးချက် ထုတ်ပြန်သည်။ 

(Xinhua)
စားသုံးရန်မသင့်သည့် အစားအသောက်တံဆိပ်များကျန်မားရေး နှင့်အားကစားဝန်ကြီးဌာန ထုတ်ပြန် စားသုံးရန်မသင့်သည့် အစားအသောက်တံဆိပ်များကျန်မားရေး နှင့်အားကစားဝန်ကြီးဌာန ထုတ်ပြန် Reviewed by THITHTOOLWIN on 19:19 Rating: 5
Powered by Blogger.