နိရဉ္စရာ၊ အောက်တိုဘာ ၂၁
အတွေ့အကြုံများအရ အကျပ်အတည်းများအပေါ် နိုင်ငံတကာ၏ ၀င်ရောက် စွက်ဖက်မှုမှာ အလုပ်မဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာ၏ တည်ငြိမ်မှုရရန် ကြိုးစားဆောင်ရွက်နေမှုကို ထောက်ခံကြောင်း ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပဋိပက္ခနှင့် ပတ်သက်ပြီး တရုတ်ထိပ်တန်း အစိုးရ အရာရှိတစ်ဦးက ယနေ့ ထုတ်ဖော် ပြောကြားလိုက်သည်။
တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဌာန လက်ထောက် တာဝန်ခံ Guo Yezhou က သတင်းထောက်များအား တရုတ်ပြည်ကွန်မြူနစ်ပါတီ ညီလာခံ၏ ပြင်ပတွင် ညီလာခံနှင့် မဆိုင်ဘဲ တွေ့ဆုံ ပြောကြားရာတွင် တရုတ်နိုင်ငံအနေဖြင့် အကြမ်းဖက် တိုက်ခိုက်မှုကို ရှုတ်ချကြောင်း၊ မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး အတွက် ကြိုးပမ်းဆောင်ရွက်နေမှုအပေါ် နားလည်သဘောပေါက်ပြီး ထောက်ခံကြောင်း ပြောဆိုသည်။
တရုတ်နှင့် မြန်မာမှာ နက်ရှိုင်းစွာ ဆွေမျိုးပေါက်ဖော်နိုင်ငံများအဖြစ် အရှည် ဆက်ဆံလာခဲ့သည့် နိုင်ငံ နှစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် သူ့နိုင်ငံ၏ ပြဿနာကို သူကိုယ်တိုင် ဖြေရှင်းနိုင်လိမ့်မည်ဟု တရုတ်က ယုံကြည်ကြောင်း Guo Yezhou ပြောကြားသည်။
သတင်းထောက်တစ်ဦးက တရုတ်အစိုးရ အနေဖြင့် မြန်မာ့အရေး ချဉ်းကပ် ဖြေရှင်းရာတွင် အဘယ်ကြောင့် အနောက်နိုင်ငံများနှင့် မတူကွဲပြားနေရပါသလဲဟု မေးမြန်းရာ Guo Yezhou က တရုတ်ပြည်၏ မူဝါဒမှာ တစ်နိုင်ငံ၏ ပြည်တွင်းရေးကို ၀င်ရောက်မစွက်ဖက်သည့် မူဝါဒဖြစ်ကြောင်း ပြောကြားသည်။
၎င်းပြင်သူက အတွေ့အကြုံများအရ လူကြီးမင်းအနေဖြင့် များမကြာမီက တိုင်းပြည်တစ်ခုမှ တစ်ခြားတိုင်းပြည်တစ်ခုကို ၀င်ရောက်စွက်ဖက်မှုကြောင့် ဖြစ်ပေါ်ခဲ့သော အကျိုးဆက်ကို မြင်တွေ့မိမှာဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ထိုသို့ ပြုလုပ်မည် မဟုတ်ကြောင်း၊ ကမ်းလှမ်းမှု မရှိဘဲ ၀င်ရောက်စွက်မှု တိုင်းတွင် မှားသည်ကိုတွေ့ရမည်ကြောင်း သူက ပြောကြားသည်။
တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် မတည်ငြိမ်မှုဖြစ်မည်ကို မလိုလားကြောင်း ၎င်းမတည်ငြိမ်မှုသည် ရှည်လျားသည့် နယ်စပ်ကို အမှန်ထိခိုက်မှု ရှိနိုင်ကြောင်း ပြောကြားသည်။
မိမိတို့အနေဖြင့် ဆူပူ အကြမ်းဖက်တိုက်ခိုက်မှု အပေါ် ရှုတ်ချကြောင်း ဖြင့်လည်း ပြောကြားသည်။
Source: Rohingya crisis: ‘Foreign interference doesn’t work’
Narinjara
https://www.facebook.com/Narinjara
မြန်မာအရေး နိုင်ငံတကာ ကြားဝင်စွက်ဖက်မှု အလုပ်မဖြစ်ဟု တရုတ်ဆို
Reviewed by THITHTOOLWIN
on
19:56
Rating:
