![]() |
သောကြာနေ့ ၀တ်ပြုသူတွေကို တိုက်ခိုက်ခံရတဲ့ ကာဘူးက ဗလီရှေ့ မြင်ကွင်း |
အထူးသဖြင့် သောကြာနေ့ ဝတ်ပြုလာသူတွေ အများအပြား ရှိချိန်မှာ ဗုံးဖေါက်ခဲ့တဲ့ အတွက် အခုလို သေဆုံးသူ အရေအတွက် များပြားခဲ့တာ ဖြစ်ပါတယ်။
ပထမ တိုက်ခိုက်မှုက ရှီးယား ဗလီ ဝတ်ကျောင်း ကို ပစ်မှတ်ထား တာဖြစ်ပြီး အသေခံ ဗုံးခွဲသမား ဟာ ဗုံးမခွဲ ခင်မှာ ဝတ်ပြုသူတွေ အကြား သေနတ်နဲ့ ပစ်ခတ် ပြီး မှ ဗုံးစနက်တန် ကို ဖြုတ် လိုက်တာကြောင့် အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် လူပေါင်း အနည်းဆုံး ၄၀ သေဆုံး ခဲ့ရပါတယ်။
နောက်ထပ် တိုက်ခိုက်မှု ကတော့ အာဖဂန် နစ္စတန် အလယ်ပိုင်းရှိ Ghor ပြည်နယ် အတွင်း ရှိ ဆွန်နီ ဗလီ ဝတ်ကျောင်း မှာ ဖြစ်ပြီး အဆိုပါ အသေခံ ဗုံးခွဲ တိုက်ခိုက်မှုကြောင့် အစိုးရ ပြည်သူ့စစ် စစ်ဆင်ရေးမှူး အပါအဝင် ဝတ်ပြုသူတွေ ထဲက အနည်းဆုံး ၂၀ ကျော် သေဆုံးခဲ့ပါတယ်။
ဒဏ်ရာရသူတွေ လည်း များပြားတဲ့ အတွက် သေဆုံးစာရင်း ထပ်မံ တိုးလာဖွယ် ရှိကြောင်း အာဖဂန် ကျန်းမာရေး ဝန်ကြီးဌာန က ပြောပါတယ်။
အခု အချိန် အထိတော့ ဘယ်သူဘယ်ဝါ လက်ချက် ဆိုတာ ကို ဘယ်လက်နက် ကိုင် အဖွဲ့အစည်း ကမှ ထုတ်ဖေါ်ပြောဆိုခြင်း မရှိသေးပါဘူး။
အရင်တုန်း ကတော့ အစ္စလာမ် စစ်သွေးကြွ အိုင်အက်စ် အဖွဲ့ ဟာ အာဖဂန် နစ္စတန် ရှိ ရှီးယား အများစု နေရာ တဝိုက် ကို ပစ်မှတ်ထားလေ့ ရှိပါတယ်။
ဒီပစ်ခတ်မှု မတိုင်ခင် ကတော့ ကာဘူးမြို့ ရဲတပ်ဖွဲ့ က မသင်္ကာဘွယ် ထရပ်ကား နဲ့ လူအုပ်ထဲ မောင်းဝင်ပြီး တိုက်မဲ့ အသေခံ ဗုံးခွဲသမား ကို ဖမ်းလိုက်ပါသေးတယ်။
ပြီးခဲ့တဲ့ မေလ တုန်းကလည်း ထရပ်ကား နဲ့ ဗုံးခွဲ တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၅၀ ကျော် သေဆုံးပြီး ၄၀၀ ကျော် ဒဏ်ရာ ရခဲ့ပါတယ်။
အဲဒီ အချိန် ကလည်း ဘယ်သူ့ လက်ချက် ရယ် လို့ မသိရပေမဲ့ အစိုးရ ကတော့ တာလီဘန် အဖွဲ့ နဲ့ နီးစပ်မှု ရှိတဲ့ ဟက်ကာနီ လက်နက်ကိုင် အုပ်စု ကို စွပ်စွဲ ခဲ့ပါတယ်။
အခုလို သီတင်းပတ် တပတ် အတွင်း လူပေါင်းအနည်းဆုံး ၁၇၆ ဦး အထိ နိုင်ငံတဝန်း ဗုံးခွဲ တိုက်ခိုက် ခံရတဲ့ အတွက် အာဖဂန် စစ်တပ်နဲ့ ရဲ တွေ ဟာ တာလီလဘန် တွေ လက်ချက် နဲ့ အတော် အထိနာ ခဲ့တယ်လို့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။
BBC Burmese
http://www.bbc.com/burmese
အာဖဂန် နစ္စတန်မှာ အသေခံ ဗုံးခွဲ တိုက်ခိုက်မှု နှစ်ခု ဖြစ်ပွား
Reviewed by THITHTOOLWIN
on
08:44
Rating:
